ARC 2.14
7.5K 933 43
မနေ့ညကအဖြစ်အပျက်သည် ထင်မှတ်မထားသည့်ဖြစ်ရပ်မှန်းလီဖန်သိပေမယ့် သူကျောက်ခဲကိုမလိုက်တာက သူ့ခြေထောက်ပေါ်ကိုသာပြုတ်ကျသွားသလိုမျိုး ခံစားနေရသည်။ သူသည်ဂျီဝမ်နှင့်ပတ်သတ်ပီး ပုံမှန်အတိုင်းဆက်ဆံရန်သာ တွေးထားလိုက်သည်။
မနက်ဖြန်အတွက်တစ်နေ့တာလုပ်ငန်းစဉ်များသည် ပုံမှန်အတိုင်းလိုပင်ဖြစ်သွားလိမ့်မည်။ မနက်ရောက်လျှင် လီဖန်သည် ဂျီဝမ်၏တိုက်ခန်းကိုသွားမည်။ မနက်စာအားချက်ပြုတ်ပီးချိန်မှာတော့ apronကိုချွတ်ပီး ဂျီဝမ်ကိုနိုးမည်။
သူသည် ခန်းဆီးလိုက်ကာများကို ဆွဲဖွင့်လိုက်ပီး အခုထိအိပ်ရာပေါ်တွင် အိပ်နေသေးသည့်လူကိုကြည့်လိုက်ပီး အိပ်ရာဆီသို့လျှောက်သွားလိုက်သည်။
သူ့ဆံပင်သည်ရှုပ်ပွနေပီး ရိုးရိုးတီရှပ်ကိုသာဝတ်ထားသည်။ (ထိုလူ အဝတ်မပါပဲအိပ်တတ်သည့်အကျင့်မရှိတာကို သူအလွန်ကျေးဇူးတင်မိသည်) သို့ပေမယ့် သူ့ခန့်ညားနေမှုသည် တစ်စက်ကလေးမှလျော့သွားခြင်းမရှိပေ။
အခုလိုနေရောင်ခြည်သည် သူ့အပေါ်လွမ်းခြုံထားသည့်အခါမှာတော့ ထိုသူကိုယ်နေဟန်ထားနှင့်မျက်နှာအမူအရာသည် ပိုမိုနူးညံ့သွားသယောင်ပင်။ ‘အိပ်ပျော်နေသောအလှလေး’ဆိုသည့်စကားလုံးသည် ယခုအချိန်တွင် ထိုသူနှင့်အလွန်လိုက်ဖက်လေသည်။
ထိုသို့တွေးလိုက်မိတော့ မနေ့ညကဂျီဝမ်၏မျက်နှာသည် သူ့အတွေးတွင်ပေါ်လာပီး ဒီလူ ဒီလိုမျက်နှာမျိုးပိုင်ဆိုင်ထားသည့်အတွက် နတ်ဘုရားသည် ဒီလူအပေါ်အလွန်မျက်နှာသာပေးထားမှန်း သူဝန်ခံရလိမ့်မည်။
ဒီလူက ယောက်ျားတွေအားလုံးရဲ့ရန်သူပဲ အား!
“မနက်စာ အဆင်သင့်ဖြ-” လီဖန်တစ်ယောက် သူ့စကားကိုတောင်ဆုံးအောင်ပြောဖို့ အခွင့်အရေးမရလိုက်ပေ။ အိပ်ရာပေါ်တွင်နှစ်ခြိုက်စွာအိပ်ပျော်နေပုံရသည့်သူထံမှ ရုတ်တရပ်ဆွဲလိုက်ခြင်းကိုခံလိုက်ရသည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ လီဖန်သည် ဂျီဝမ်၏အောက်သို့ရောက်သွားရသည်။ သူ့အပေါ်တွင်အုပ်မိုးထားသည့်သူအားကြည့်လိုက်ချိန်မှာတော့ ထိုသူသည် အခုလေးမှနိုးလာသည့် အရိပ်အယောင်တစ်စက်ကလေးမှ မရှိပေ။ ထိုသူသည် သူ့အား နတ်ဆိုးတစ်ကောင်လိုတောင် ပြုံးပြနေသေးသည်။