ARC 2.22
6.4K 866 43
ယုဖန်ထက်တောင်မှအသက်ပိုကြီးပုံရသည့်လူကြီးတစ်ယောက်သည် သူ့ဆီသို့လျှောက်လာပီးနောက် လက်ကိုဆန့်ထုတ်လိုက်ကာ “ဟယ်လို မစ္စတာဟန် ခင်ဗျားကို ဒီမှာတွေ့ရမယ်လို့မထင်ထားမိလိုက်ဘူး”
ဂျီဝမ်သည်ထိုလူအားတစ်ချက်ကြည့်လိုက်ပီး လက်ဆွဲနှုတ်ဆက်လိုက်သည်။ သူ့မျက်နှာကတော့ပြုံးနေပီး မနှေးမမြန်ပြောလိုက်သည်။ “ကျွန်တော်ကောပဲ ခင်ဗျားကိုဒီနေရာမှာတွေ့ရမယ်လို့မထင်မိဘူး မစ္စတာဂျူ” ဒီစကားကိုဘာသာပြန်ရရင်တော့း ခင်ဗျားတကယ်ပဲ ဖိတ်ကြားခံရမယ်လို့ မထင်မိဘူး
ဂျုချန်၏အပြုံးများသည်တောင့်သွားပေမယ့် သူသည်သူ့မျက်နှာကိုပြေပြစ်အောင်ကြိုးစားလိုက်၍ ထိုစကား၏နောက်ကွယ်ကဆိုလိုရင်းကို မသိလိုက်သလို ဟန်ဆောင်လိုက်သည်။
သူသည် လက်ကိုပြန်ဆွဲယူလိုက်ပီး ချောင်းကိုနှစ်ကြိမ်လောက်ဟန့်လိုက်ကာ သူ့သားအရွယ်ထက်ပင်ငယ်ပုံရသည့်သူကြောင့် အရှက်ရသွားမှုကိုဖုံးကွယ်လိုက်သည်။
“ကြည့်ရတာပြန်တော့မယ့်ပုံပဲ ဒါဆိုဘာလို့ ကျွန်တော်နဲ့တစ်ခွက်လောက်အတူသောက်မသွားတာလဲ ခင်ဗျားဒါကိုတော့ မငြင်းလောက်ဘူးမလား?”
နောက်တော့ ထိုလူသည် ဂျီဝမ်အား ဝိုင်တစ်ခွက်ကမ်းပေးလိုက်သည်။ ဂျီဝမ်သည်မျက်ခုံးကိုအနည်းငယ်ပင့်လိုက်ပီး မျက်လုံးများကလည်းမှေးကျဉ်းသွားသည်။ ဒီလူသည် အရမ်းကြီးအင်အားရှိသည့်အထဲတွင်တော့မပါပေမယ့် H&Rမှတွဲဖက်လုပ်နေသည့်ကုမ္ပဏီများထဲက တစ်ခုတော့ဖြစ်သည်လေ။
သူသည် ဒီလူအကြောင်းသေချာမစုံစမ်းထားပေမယ့်လို့ ဒီလူသည်လူအရေခြုံထားသော ကောက်ကျစ်ပီးဉာဏ်အလွန်များသည့်မြေခွေးအိုကြီးမှန်းတော့သူသိသည်လေ။
သို့ပေမယ့် သူဒီဝိုင်ကိုလက်မခံလိုက်ရင်လည်း လူတွေအများကြီးကကြည့်နေသောကြောင့် သူ့အတွက်ကောင်းမွန်သည့်ကိစ္စမဟုတ်ပေ။ ဒါကြောင့် ဂျီဝမ်သည် ဂျုချန်၏လက်ထဲမှ ဝိုင်ခွက်ကိုယူလိုက်ပီး ဂျုချန်ထံ အနည်းငယ်မြောက်ပြလိုက်၍ တစ်ငုံ့ထဲအပီးသောက်လိုက်လေသည်။ သူ ခွက်အလွတ်ကို စားပွဲပေါ်တင်လိုက်ပီး ထိုလူကိုပြောလိုက်သည်။ “ဒါဆိုရင် ကျွန်တော်အခုသွားလိုက်ပါဦးမယ်”