ARC 2.2
8.3K 1K 27
ZAWGYI VERSION
နေသည် အနောက်ဖက်သို့ တဖြည်းဖြည်းဝင်သွားပီးအမှောင်ထုက တစ်မြို့လုံးအားတမြေ့မြေ့လွမ်းခြုံလာသည်။
တစ်ချို့သူတွေ၏တစ်နေ့တာသည်ပီးဆုံးသွားကြပေမယ့် တချို့တွေအတွက်ကတော့ နေ့အစပင်ဖြစ်သည်။ ရုံးဝန်ထမ်းတွေ၏ဘဝတွေလည်းထိုသို့ပင်။ အများစုတို့သည် သူတို့၏အလုပ်စားပွဲမှာပဲ ပိတ်မိနေကြပီး အလုပ်တွေအား မရပ်မနားလုပ်နေကြသည်။
အဆောက်အဦးတွင်းရှိမီးများသည်ထွန်းထားလျှက်ရှိပီး ရုံးခန်းတစ်ခုလုံးတွင် ကွန်ပျူတာကီးဘုတ်နှိပ်သံသည် အဆက်မပြတ်ထွက်နေသည်။
လီဖန်သည် သူ့လက်များအား အကြောဆန့်လိုက်ပီး နောက်ကိုမှီထိုင်လိုက်ကာ ပုခုံးများအားနှိပ်နှယ်လိုက်သည်။ သူသည် မျောက်ဝံထံမှရလာသည့် စာဖိုင်အထပ်လိုက်ကြီးအား ပီးစီးသွားချိန်တွင် သူ့နာရီအားကြည့်လိုက်တော့ ၈နာရီ ၃၅မိနစ်ပင်ဖြစ်နေပီဖြစ်သည်။
ခနလောက်ထိုင်နေပီး လီဖန်သည် dataများအား USBထဲသို့ကူးယူကာ printထုတ်ဖို့လုပ်လိုက်သည်။
“မျော-ခေါင်းဆောင် ဒါတွေက ခင်ဗျား ကျွန်တော့်ကို ဘာသာပြန်ခိုင်းထားတဲ့ဖိုင်ပါ။ တချက်လောက် စစ်ကြည့်ပါဦးဗျ”
ထိုမျောက်ဝံကြီးသည် သူ့အဖွဲ့ခေါင်းဆောင်မှန်းလက်မခံချင်ပေမယ့်လည်း အလုပ်တွင်ဖြစ်​နေသည့်အတွက်ကြောင့် မဖြစ်မနေ စကားပြောလိုက်ရသည်။
သူ့အဖွဲ့တွင် သူ၊ အမျိုးသမီးဇာတ်လိုက်နှင့် ထိုမျောက်ဝံပါအပါအဝင် ၁၀ဦးပါဝင်ပီး သူတို့သည် HRဌာန၏ သုတေသနအဖွဲ့ဖြစ်သည်။
ဘယ်လိုမျိုးပဲဖြစ်နေပါစေ ဟေးရှီအများဆုံးလုပ်ပေးရသည့်အလုပ်သည် လက်တိုလက်တောင်းခိုင်းလာသည့် အလုပ်များသာ။ ထို့ကြောင့်အထက်လူကြီးများက သူတို့အား ထုတ်ကုန်အားပြင်ဆင်ဖို့ပြောလာချိန်တွင် အလွန်ဝမ်းသာသွာခြင်းဖြစ်သည်။
လီဖန်သည် ထိုအတွေးကြောင့် စိတ်ထဲ၌သာ သက်ပြင်းချလိုက်မိသည်။ သို့ပေမယ့် သူသည် ဟေးရှီ၏ကိုယ်ထဲသို့ရောက်လာပီးဖြစ်သောကြောင့် ဒီလူသည် ဒီကုမ္ပဏီပေါ်ဘယ်လောက်သစ္စာရှိပီး ဘယ်လောက်တောင်အလုပ်ကြိုးစားလဲဆိုတာကို လီဖန်သိသည်။ သို့ပေမယ့် နောက်ဆုံးတွင် သူပြန်ရလိုက်သည်က သေချာစုံစမ်းစစ်ဆေးခြင်းမရှိပဲ အလုပ်ထုတ်ခံလိုက်ရခြင်းသာ။