ARC 1.6
9.7K 1.2K 15
{ဒီအပိုင်းမှာ car racingအကြောင်းတွေ အနည်းငယ်ပါတဲ့အတွက်ကြောင့် သာသာပြန်ထားတာကိုဖတ်ရတာ အဆင်မပြေတာပဲဖြစ်ဖြစ် စကားထောက်နေတာပဲဖြစ်ဖြစ် နားမလည်တာပဲဖြစ်ဖြစ် ရှိရင်ပြောပါနော်}
ပြိုင်ကွင်းအတွင်းရှိလူများအားလုံးသည် ကား၏သွင်ပြင်သဏ္ဍာန်ကြောင့် ချက်ချင်းဆွဲဆောင်ခံလိုက်ရသည်။ ဘယ်လိုပြောရမလဲဆိုရင် Neigeကားသည် အလွန်မှ မျက်စိထဲကိုစွဲထင်သွားနိုင်လောက်အထိဖြစ်နေသော
ကြောင့် သူနှင့်ယှဉ်လျှင်တခြားကားများသည် အရောင်မှိန်သွားသလိုတောင်ဖြစ်သွားရသည်။
ပြိုင်ပွဲဝင်သည့်သူများပင်လျှင် သူတို့၏ကားများမှ ထွက်လာကြပီး ဒီလိုပြောင်မြောက်လှသောလက်ရာကို မကြည့်ရမနေနိုင်ဖြစ်သွားကြသည့်အတွက် သူတို့sponsorများတောင်မျက်နှာအခြေအနေမကောင်းတော့ပေ။ သို့ပေမယ့် သူတို့အမူအရာကချက်ချင်းကို ပျော်ရွင်သွားသည့် အသွင်ဖြစ်သွားရသည်။ အဘယ်ကြောင့်ဆိုသော် ဒါကပြိုင်ပွဲတခုဖြစ်သောကြောင့်ပင်ဖြစ်သည်။ ဒါကြောင့်အပြင်ပန်းပုံသဏ္ဍာန်က ဘယ်လောက်ပင်လှပပီး မျက်စိပဿဒဖြစ်နေပါစေ အရေးကြီးဆုံးက အမြန်နှုန်းဖြစ်သောကြောင့်ပင်ဖြစ်သည်။
ကြည့်ရတာ ဒီအသစ်လေးက အပြောသက်သက်ပဲဖြစ်ပုံရသည်။ ဒီနေ့ပြိုင်ပွဲကိုအနိုင်ယူမည့်အစား Neigeသည် သူ့တို့ကား၏အပြင်ပိုင်းသွင်ပြင်ကိုသာ ပိုပီးဦးစားပေးထားပုံရသည်လေ။
သူတို့အကုန်လုံးခေါင်းကိုခါယမ်းလိုက်ကြပီး သူတို့၏ပြိုင်ပွဲဝင်တွေဆီကိုသာ ပြန်လည်အာရုံစိုက်လိုက်လေသည်။
~ကြည့်ရတာ သူတို့မလိုအပ်တာကို အလကားတွေးပူနေလိုက်မိတာပဲ~ဆိုပီး အကုန်တွေးနေကြသည်လေ။
သို့ပေမယ့် မကြာမီမှာပဲ သူတို့ဟာသေလောက်အောင်မှားသွားကြောင်းသိလိုက်ရသည်။ ဘာကြောင့်လဲဆိုတော့ ပြိုင်ပွဲစသည်ဆိုတာနှင့် အကုန်လုံး၏အဝေးဆုံးတွင်ရှိနေသည့် Neigeဟာ ၈ခုမြောက် ၇ခုမြောက် ၆ခုမြောက်နေရာတွေကို ကျော်သွားပီး မျက်စိတမှိတ်အတွင်းမှာ အလယ်သို့ရောက်သွားသောကြောင့်ပင်။ သူတို့အကုန်လုံးပြောစရာစကားတွေ ပြောက်ရှအောင်လုပ်လိုက်တာကတော့ တခြားမဟုတ်ပဲ မောင်းနှင်နေသူကြောင့်ပင်ဖြစ်သည်။