ARC 2.15
7.7K 931 20
နောက်တော့ ဂျီဝမ်သည် သူ့အခြေအနေကို ထိုနှစ်ယောက်စီမှ အကြံဉာဏ်တောင်းလိုက်သည်။
အန်းယွမ်သည် သူ့ထင်မြင်ချက်ကို ပထမဆုံးပြောလာလေသည်။ “လူတွေထဲမှာမှ မင်းက သူ့ကိုလိုက်နေပေမယ့် အဲ့တစ်ယောက်ကမျက်တောင်တစ်ချက်တောင်မခတ်ဘူး မင်းကိုလုံးဝစိတ်ဝင်စားတဲ့ပုံမပြဘူးဆိုရင် အဲ့ဒါ မင်းကို အရမ်းမုန်းနေလို့နေမှာ နောက်တစ်ခုဖြစ်နိုင်တာက သူတကယ်ကို သစ္စာရှိမြတ်နိုးပီး စိတ်ထဲမှာရှိတဲ့သူက သူ့ချစ်သ-”
သူစကားဆုံးအောင်ပြောဖို့ အခွင့်အရေးလေးမရလိုက်ခင်မှာပဲ သူ့နောက်စေ့ကို ရှီကျွမ်းမှ ဖြတ်ရိုက်လိုက်ရသည်။ ရှီကျွမ်းသည် သူ့အားဆက်မပြောဖို့ အရိပ်အယောင်ပြလာသည်။ အဲ့ကြမှသာ တစ်ခုခုကိုနားလည်သွားသလိုမျိုး အန်းယွမ်သည် သူ့အကြည့်ကို ဂျီဝမ်ဆီသို့တဖြည်းဖြည်းရွှေ့လိုက်သည်။ အခုချိန်မှာတော့ ဂျီဝမ်၏မျက်နှာသည် ဒယ်အိုးဖင်လို မည်းနေသည်လေ။
“ဘာလို့မင်းက သူ့အနာကိုဆားထပ်သိပ်ဖို့လုပ်နေရတာလဲ? အဲ့လောက်သိသာနေတဲ့အချက်တွေကို ဒီလိုအကျယ်ကြီးပြောပြစရာမှမလိုတာ!” ယဲ့ရှီကျွမ်းသည် အန်းယွမ်ကို ကြိမ်းမောင်းလိုက်ပီး လက်မခံနိုင်သည့်အကြည့်ဖြင့်ကြည့်လိုက်သည်။
ဂျီဝမ် “……” ရှီကျွမ်း မင်းပြောနေတာတွေလည်း တစ်လုံးမှ ကူညီရာမရောက်ဘူး
ဂျီဝမ်သည် သူ၏တဆစ်ဆစ်ကိုက်နေသည့်နားထင်ကို အနည်းငယ်နှိပ်လိုက်ပီး နာကျင်နေတာကို အနည်းငယ်လျော့သွားအောင်လုပ်လိုက်သည်။ ကြည့်ရတာ ဒီနှစ်ကောင်ကို သူ့စိတ်ထဲက လေးလံနေတဲ့အကြောင်းတွေ သွားပြောနေလို့လဲ ဘာအကူအညီမှ ရမယ့်ပုံမပေါ်ဘူး။ ထိုသို့နောင်တတစ်ပွေ့တစ်ပိုက်နှင့် သူသည် တစ်ခြားအကြောင်းကိုသာ စကားလမ်းကြောင်းလွှဲပီး ပြောလိုက်သည်။ “ဟန်ကျဲ အခု တရုတ်ကိုပြန်ရောက်နေတယ်”
ထိုနှစ်ယောက်သည် ဒီစကားကိုကြားလိုက်သည်နှင့် သူတို့၏ကလေးကလား ငြင်းခုံနေမှုကိုချက်ချင်းရပ်လိုက်ပီး သူတို့၏ပုံမှန်အနေအထားကို ပြန်ရောက်သွားသည်။