ARC 2.24
7K 814 27
မီးဖိုခန်းထဲမှထွက်လာချိန်မှာတော့ ဂျီဝမ်သည်A ဆိုဖာတွင်တစ်ယောက်ယောက်နှင့် ဖုန်းပြောနေသည်ကိုတွေ့လိုက်ရသည်။ အသံတိုးတိုးဖြင့်ပြောနေသောကြောင့် လီဖန်သည် ဘာမှသေချာမကြားရ​ပေ။ ဒါကြောင့်သူသည် system၏အကူအညီကိုယူလိုက်လေသည်။
"ကောင်းတယ် အဲ့ဒီဗီဒီယိုကို အင်တာနက်ပေါ်ကိုဖြန့်လိုက် ပီးတော့ အဲ့လူတွေဆီကနေ အကူအညီရဖို့ သူမကိုယ်နဲ့လဲခဲ့တယ်လို့လဲ သတင်းကိုလွင့်လိုက် အဲ့လူတွေက သူမကိုလှည့်စားပီး မြေအောက်မြို့တော်မှာ အပျော်မယ်အဖြစ်ရောင်းစားလိုက်တယ်လို့လဲ ဖြန့်လိုက်
အဲ့ဒီကိုရဲတွေလည်းသွားရဲတာမဟုတ်တော့ သူမကိုအဲ့နေရာမှ အနည်းဆုံး၁၅နှစ်လောက်အရိုးဆွေးသွားအောင်နေခိုင်းလိုက် ပီးမှလက်စဖျောက်လိုက် လုမိသားစုကတော့ မနက်ဖြန်ကနေစပီး ဒီနိုင်ငံထဲမှ လုမျိုးရိုးနဲ့လူတစ်ယောက်ကိုမှ မတွေ့ချင်တော့ဘူး
ပီးတော့ အဲ့ဒီဂျုချန်ကို H&Rဆီကနေဖြတ်ချလိုက်ပီး blacklistထဲသွင်းလိုက် သူ့ကိုကူညီရဲတဲ့သူကောရှိသေးလာဆိုတာလဲ ​စောင့်ကြည့်နေ ရှိရင်အဲ့လူတွေကိုပါအကုန်ရှင်းထုတ်ပစ်
အဲ့လူ ငွေတွေလိမ်ထားတာ ကလေးမလေးတွေကို သူနဲ့အတူအိပ်ဖို့အတင်းအကြပ်ခိုင်းတာတွေ သူ့သားဆေးလွန်နေပီး ဆေးအရောင်းအဝယ်လုပ်နေတာတွေကို သက်သေတွေနဲ့တစ်ခါတည်း သတင်းလွင့်လိုက်
အိုး ပီးတော့ သူ့မိန်းမနောက်မီးလင်းနေတဲ့ကိစ္စကိုလည်း ထည့်လိုက်ဖို့မမေ့နဲ့ဦး ပီးတော့ သူမဆွေမျိုးတွေကော အကုန်လုံးတစ်ခါတည်းဆွဲချပစ်"
လုပ်စရာအလုပ်တွေကိုတန်းစီပီးအမိန့်ပေးပီးသွားချိန်မှာတော့ ဂျီဝမ်သည်ဖုန်းချလိုက်ပီး မော့ကြည့်လိုက်သည်။
သူ့ဘေဘီလေးသည်နံရံကိုမှီပီးရပ်နေသည်ကိုတွေ့လိုက်သည်။ သူ့လက်ကိုပိုက်ထားပီး သူ့ကိုထိုမျက်လုံးလှလှလေးတွေနှင့် စိုက်ကြည့်နေသည်။ ထိုမျက်လုံးလေးများသည် အရောင်လေးတွေလဲ့နေပီး အခုထိနီမျန်းပီးရောင်နေသေးသည်။
ဟေးရှီသည် သူ့ရှပ်ကိုဝတ်ထားသောကြောင့် သူ့ကိုယ်ထက်ကြီးနေကာ သူ့၏အရမ်းဆက်စီကျသည့်ညှပ်ရိုးလေးနှင့်ပုခုံးသားလေးများပေါ်နေပီး ထိုပေါ်နေသည့်အသားနေရာတွေတိုင်းတွင် အနီရောင် ခရမ်းရောင် အနမ်းအမှတ်များကို မြင်နေရသည်။ ဒါတွေက မနေ့ညက သူတို့အချစ်တွေ ဘယ်လောက်တောင်ပြင်းပျနေခဲ့လဲဆိုတာရဲ့ အကောင်းဆုံးနှင့် အသေချာဆုံးသက်သေတွေပဲဖြစ်သည်။