ARC 2.20
7.3K 951 51
ဟေးရှီ သူ့အားကြည့်နေသည့်အကြည့်များကြောင့် ဂျီဝမ်သည် မတရားခံရပီး အထင်လွဲခံနေရသလိုခံစားနေရသည်။ သူ့ပုံစံက သေမိန့်ကိုစောင့်နေရသည့်အပြစ်သားတစ်ယောက်လိုပင်။ ဒီမနက်ကတည်းက ဟေးရှီ၏မျက်နှာထားသည် အရမ်းကြောက်ဖို့ကောင်းနေသည်လေ!
~သူ့ကို တကယ်ပဲ ငါဘာသွားလုပ်မိတာလို့လဲ?!
ဒါ့အပြင် အစောနက စိတ်ကြည်နူးစရာအချိန်လေးကကော ဘယ်ကိုရောက်သွားပီတုန်း?
လူတွေကပြောကြတယ် တစ်စုံတစ်ခုကို စိတ်ကအရမ်းတောင့်တနေရင် ထင်ယောင်ထင်မှားတွေဖြစ်တတ်တယ်တဲ့ ... ဒါဆို သူတကယ်ပဲ အဲ့လောက်ထိဖြစ်ရအောင်တောင့်တနေပီး ထင်ယောင်ထင်မှားနဲ့မြင်ချင်ရာကိုမြင်မိတာလား?!~
သူ့ဘေဘီလေးနှင့်နောက်ဆုံးတော့အတူတူနေနိုင်ပြီလို့ တွေးထင်ခဲ့သည်။ ဒါပေမယ့် အခုလိုအချိုးအကွေ့တွေ ဖြစ်လာမယ်လို့ဘယ်သူထင်ထားမှာလဲတဲ့! ပိုဆိုးတာက သူဘာအပြစ်ကို လုပ်မိလိုက်လို့ အခုလိုဆက်ဆံခံနေရတာလဲ!
ဒါပြင် ဟေးရှီသည် စက်ရုံကို အမြဲလိုလိုသွားရတော့မည်ဖြစ်ပီး ရုံးခန်းတွင်ရှိနေမည့်အချိန်တွေကနည်းလာကာ သူတို့နှစ်ယောက်အတူလည်းမရှိနိုင်တော့သောကြောင့် ဟေးရှီစက်ရုံကိုသွားဖို့ပြင်နေသည်ကိုတွေ့လိုက်ရသည့်အခါမှာတော့ ဂျီဝမ်သည် အသက်ကိုပြင်းပြင်းရှုသွင်းလိုက်ပီး တိုက်ရိုက်ပဲမေးလိုက်တော့သည်။ "ဟေးရှီ ကိုယ်အမှားတစ်ခုခုလုပ်ထားမလို့လား? အဲ့လိုဆိုရင် ကိုယ်တောင်းပန်ပါတယ်"
ဒါကိုကြားလိုက်သည့်လီဖန်သည် ရပ်သွားပီး နောက်သို့ပြန်လိုက်ကြည့်လိုက်သည်။ သူသည် ထိုခန့်ညားလှသည့်မျက်နှာကိုမြင်လိုက်ချိန်မှာတော့ ထိုသူသည် မရေမတွက်နိုင်သည့်ပျားလိပ်ပြာတွေကို စားသုံးခဲ့သည်ဆိုသည့်အချက်က သူ့အား ရှာလကာရည်ဗုံးလိုက်ပါးစပ်ထဲလောင်းထည့်လိုက်သလိုခံစားရသည်။  ဒါကြောင့် သူ့အတွေးထဲတဝဲလည်လည်ဖြစ်နေသည့် အတွေးတွေကို ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။ "ဘာလို့ခင်ဗျားက ဒီလောက်တောင်ပြောင်းလဲနိုင်ရတာလဲ?!" နောက်တော့ သူသည်ရုံးခန်းတွင်းမှ ခြေလှမ်းကျဲကျဲဖြင့် ထွက်သွားလိုက်ကာ ကျောက်ရုပ်ဖြစ်နေသောဂျီဝမ်ကို တစ်ယောက်ထဲထားခဲ့လိုက်သည်။