ARC 2.1
12.7K 1K 58
ZAWGYI VERSION
Arc 2: ၂၄နာရီ ၇ရက်အမြဲအနားမှာရှိနေသည့် ကိုယ်ပိုင်အတွင်းရေးမှူးလေး
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
[*ဒင်* ကူးပြောင်းခြင်းပီးမြောက်သွားပါပီ]
လီဖန်သည် ရင်နှီးနေသည့်မူးနောက်နောက်ခံစားချက်တို့ကြောင့် မျက်မှောင်အနည်းငယ်ကျူံ့သွားရသည်။ သိုပေမယ့်လည်း သူဒီခံစားနေရတာကို သက်သာသွားအောင်မလုပ်နိုင်သေးခင်မှာပဲ အလွန်ကျယ်လောင်လှသည့်အသံတစ်ခုသည် သူ့နားစည်ကိုပင်ဖောက်ထွက်မတတ် လုပ်လိုက်သည်။
“ဟေးရှီ ဟောင်ဟေးရှီ!!!!”
သူ့မျက်လုံးတွေကပျာကယာပွင့်သွားရသည်။ တကယ်ကိုပဲ သူ့နားစည်တွေကွဲတော့မယ်ထင်တယ်!
လီဖန်ပထမဆုံးမြင်လိုက်ရတာကတော့ သူ့ရှေ့ကစာရွက်တွေအထပ်လိုက်ကြီးကိုပင်။ သူဘေးကိုလှည့်ကြည့်လိုက်ချိန်မှာတော့ ဒေါသအပြည့်ဖြစ်နေသည့်မျောက်ဝံလိုမျက်နှာကြီးအားတွေ့လိုက်သည်! လီဖန်သည်လန့်သွားပီး စိတ်ထဲ၌ကျိန်ဆဲလိုက်သည်။
ဘုရားရေ အမေရေကယ်တော်မူပါ! သူအခုမျောက်ဝံလှောင်အိမ်ထဲရောက်သွားတာလား?!
သို့ပေမယ့် သူ့ခေါင်းအားထိုမျောက်ဝံကြီးမှရိုက်လိုက်သောကြောင့် သူ့အတွေးတွေလက်တွေ့ကိုပြန်ရောက်လာရသည်။
“မင်းအိပ်ပဲအိပ်နေမယ်ဆို အိမ်ပဲပြန်လိုက်တော့! ဒီမှလဲမင်းလုပ်စရာမရှိဘူးမလား! တစ်ခြားသူတွေမျက်စိနောက်အောင်လုပ်မနေနဲ့!”
ထိုမျောက်ဝံကြီးသည် သူ့အားနှာခေါင်းရှုံ့လိုက်ပီး သူ့စားပွဲပေါ်သို့ စာရွက်အထပ်လိုက်ကို ပစ်ချလိုက်ကာ
“ဒါကိုဒီနေ့အပီးလုပ် မဟုတ်လို့ကတော့ အိမ်ပြန်ဖို့တောင်မစဉ်းစားနဲ့ ဝက်ငတုံးကောင်!”
သူ့စကားပြောလို့ပီးသည်နှင့် သခင်လေးတစ်ယောက်လိုရင်ကော့ပီးထွက်သွားလေသည်။
~ငါမင်းကိုပြောချင်တာက မင်းကမြှောက်ကြွကြွဖြစ်နေတဲ့မျောက်ဝံနဲ့ပဲတူတယ်! မျောက်ဝံကောင်ရဲ့~
လီဖန်သည် သူ့ခုံမှာထိုင်ပီးစိတ်ထဲ၌ကျိန်ဆဲနေလိုက်သည်။ သူသည် စာရွက်တွေကိုဖတ်နေသလိုလိုနှင့် သူ့လက်ပတ်နာရီလေးကိုကြည့်လိုက်သည်။