ARC 2.3
8.2K 996 23
လီဖန်သည် စိတ်တွေရှုပ်ထွေးနောက်ကျိသွားသောကြောင့် ထိုလူ့အပေါ်မှဖယ်ပေးဖို့ကိုမေ့သွားပီး ထိုလူ၏မျက်လုံးများကိုသာ ကြောင်ပီးစိုက်ကြည့်နေမိသည်။
“ဖယ်…”
သူ့အောက်တွင်ရှိနေသည့်လူဆီမှ အသံလျော့လျော့ထွက်လာသည်။ ထိုမှသာ လီဖန်သည် စိတ်နဲ့ကိုယ်နဲ့ကပ်သွားရသည်။
“ဟမ်?”
ဘာကြောင့်ဆိုသူသည်လုံးဝကို စိတ်ကတခြားကိုရောက်သွားတာကြောင့် ထိုလူပြောတာကို သူချက်ချင်းမကြားလိုက်မိပေ။
လီဖန်၏အောက်တွင်ရှိသည့်သနားစရာလူလေးကတော့ အံကိုကြိတ်ပီး အော်လိုက်သည်။
“ငါ့ပေါ်ကဖယ်!!”
လီဖန်သည် ထိုလူ၏အသံကြောင့်ဆက်ကနဲဖြစ်သွားသည်။ ထိုမှသာ သူသည်ထိုလူပေါ်တွင်ရှိနေသေးကြောင်းကို သတိထားလိုက်မိသွားပီး ချက်ချင်းဖယ်ပေးလိုက်သည်။
ကျွန်တော်စိတ်မကောင်းပါဘူး။
သူသည်လည်းမတတ်နိုင်ပဲ မဆိုစလောက်လေးအပြစ်ရှိသလိုခံစားလိုက်ရသည်။ ဘာလို့ဆို အခုလောလောဆယ်သူ့ကိုယ်က ဘယ်လောက်လေးနေမည်ဆိုတာကိုသိသောကြောင့်ပင်။ ဒီလူကိုဖိမိပီးမသေသွားတာကပင် တော်တော်အံ့သြဖို့ပင်ကောင်းနေသည်လေ။
ထိုလူသည် သူ့ကြောင့်ဒဏ်ရာရသွားသည့်ဘယ်လက်အား စိတ်တိုစွာဖက်ထားလေသည်။ သူသည် သူ့အားလက်ကျိုးသွားအောင်လုပ်နိုင်သည့် ထိုအရာကိုလှည့်ကြည့်ချင်သွားသည်။
သူတိုက်မိသွားတာ ဝက်ဝံလား ဘာလား?!
“မင်း-” ထိုလူသည် စိတ်လုံးဝမကြည်သောကြောင့် သူနှင့်တိုက်မသူအားဆဲလိုက်ဖို့လုပ်လိုက်ပေမယ့် သူသည် ထိုတရားခံ၏မျက်နှာကိုမြင်လိုက်ရချိန်မှာတော့ တုန်လှုပ်သွားရသည်။
“ဝတု-”
သို့ပေမယ့် သူ့အသံသည် သူအခုလေးတင်ထွက်ပြေးလာသည့်လမ်းကြားလေးထဲမှ အော်ဟစ်သံများကြောင့် ရုတ်တရပ် ရပ်တန့်သွားရသည်။
“ဟိုကောင်ကဒီမှာ မြန်မြန်!” ဟုအသံကိုကြားလိုက်ရပီးနောက်တော့ အလျှင်အမြန်လာနေသည့်ခြေသံတွေပါ လိုက်ပါလာသည်။