ARC 2.21
6.7K 848 10
နောက်တစ်ရက်ရောက်သည့်အခါတွင်တော့ သတင်းအသစ်တစ်ခုက တောမီးလောင်သလို ပျံ့နှံ့သွားသည်။ အဲ့ဒီသတင်းကတော့ လူတွေရှေ့မှာဖက်ထားကြတဲ့စုံတွဲတစ်တွဲ၏ပုံဖြစ်ပီး ထိုပုံသည် ခေါင်းကြီးပိုင်းအနေနှင့်ပါလာပြီး သတင်းခေါင်းစီးကတော့ “ဟန်ဂျီဝမ် H&R၏ပဲ့ကိုင်ရှင်က သိပ်မကြာခင်ကမှချမ်းသာလာပုံရသည့် လုမိသားစုအငယ်ဆုံးသမီးလေး လုကျီရှီနှင့်တွဲနေခြင်း” ဟုပင်။
ဒီလိုသတင်းတွေက ကောလဟာလအနေနှင့်ထွက်နေကြဆိုပေမယ့် အခုလောလောဆယ်အရေးကြီးတာက သတင်းတွင်ပါလာသည့် ကာယကံရှင်တွေကြောင့်ပင်။ သိပ်မကြာခင်ကပဲ H&Rကနေမှ ဒုဥက္ကဌဖြစ်တဲ့ဟန်ဂျွန်အကြောင်းကိုဖော်ထုတ်ထားသေးသည်။ ပီးတော့ လက်ရှိဥက္ကဌအသစ်ဖြစ်သည့် ဟန်ဂျီိဝမ်သည်ကလည်း မိန်းကလေးတွေကြားအရမ်းကိုနာမည်ကြီးသည့်သူတစ်ယောက်လည်းဖြစ်သည်။
ဂျီဝမ်သည်အမြဲတမ်းလိုလိုပြည်ပတွင်သာနေလေ့ရှိပီး တရုတ်သတင်းပေါ်တွင် သိပ်ပေါ်လာလေ့မရှိသောကြောင့် သူ့မျက်နှာကို မြင်ဖူးသူက သိပ်မရှိပေ။ ဒါကြောင့် ဟန်ဂျွန်၏သတင်းတွေထွက်လာသည့်အခါမှသာ ဟန်ဂျီဝမ်က mediaမှာပေါ်လာခြင်းဖြစ်သည်။
အဲ့နောက်တွင်တော့ သူသည် celebrityမဟုတ်ပေမယ့်လည်း သူ့နာမည်ဖြင့်ထောင်ထားသည့်fan clubတောင် ထွက်​ပေါ်လာပီး လူတိုင်းနီးပါး သူ့အားမသိသူမရှိဖြစ်လာသည်။ ဒါကြောင့်အခုလိုdatingသတင်းထွက်လာချိန်မှာတော့ လူတိုင်းပါးစပ်ဖျားတွင် ဒီသတင်းရောက်သွားဖို့က ၂၄နာရီပြည့်အောင်တောင်မကြာလိုက်ပေ။
အခုတော့ လုကျီရှီသည် သူမအိပ်ယာပေါ်တွင်ထိုင်နေပီး သူမလုပ်ရပ်၏ရလဒ်ကို အရမ်းကိုစိတ်ကျေနပ်နေသောကြောင့် သွားများပင်ပေါ်သည်အထိကိုပြုံးပျော်နေတော့သည်။
ဂျီဝမ်သည် အရင်တစ်ခေါက်က H&R၏နာမည်ကိုအထိအခိုက်မရှိအောင် ကယ်တင်ခဲ့ပီး လူတွေ၏နှစ်သက်ခြင်းကိုခံရကာ သူ့ဦးလေးတစ်ယောက်လုံး၏ မကောင်းသည့်လုပ်ရပ်တွေကိုဖော်ထုတ်၍ ကုမ္ပဏီထိခိုက်မည်ကိုတောင်မစိုးရိမ်ပဲနဲ့ အမှန်တရားဘက်တွင်နေခဲ့သောကြောင့် ရင်းနှီးမြုပ်နှံသူများကိုတောင် အတော်လေးဆွဲဆောင်နိုင်ခဲ့သည်။