Part-2

5.2K 484 23
                                    

ညဆယ်နာရီကျော်ပြီမို့ baekhyunမှာ
အိပ်ချင်နေပါသော်လည်း စည်းကမ်းကြီးလွန်းတဲ့Physicsဆရာက အိမ်စာပေးလိုက်သည်မို့မအိပ်ရဲ။

မျက်လုံးကိုအတင်းပြူးကာအိမ်စာတွက်လိုက် ခေါင်းတစ်ပတ်လည်ပြီးအိပ်ပျော်သွားလိုက်နဲ့ ဖြစ်နေရာစူးစူးဝါးဝါး ဖုန်းမြည်သံ ကြားကာမှ ရှင်းရှင်းလင်းလင်းနိုးလာရသည်။

အလိုက်မသိတတ်ပါဘိ~~~

စာလုပ်နေတဲ့သူကို ဖုန်းခေါ်စရာလား~~~

တရားခံဘယ်သူလဲသိစေရန် contact nameကိုကြည့်လိုက်တော့"သစ်ပင်"တဲ့

ဒါPark chanyeolနာမည်..
သူအရပ်က သစ်ပင်လို ရှည်နေလို့...

What??????

ညကြီးအချိန်မတော် ....

"ဘာလဲ"

"baekhyun ငါ့ကို ကူညီပါအုံး
ငါဒုက္ခရောက်နေလို့"

"ဘာ! ဘာဖြစ်လို့လဲ"

"ငါအခု Tempo clubမှာ ငါကိုကယ်ပါအုံး
ငါသေတော့မယ်အားးးးးး"

"ဟဲလို..ဟဲလို...တီ ..တီ.."

ကျသွားပြီဖြစ်တဲ့ဖုန်းကို ကိုင်တာ baekhyun
ရင်ပူလာရသည်။

မဟုတ်ဘူး ..ငါဒီလို နေရမဲ့အချိန်မဟုတ်ဘူး။

chanyeolကို ငါကယ်ရမယ်.....



baekhyun ကလပ်ထဲကို စ,ဝင်ဝင်ချင်းစူးရှသော ရောင်စုံမီးအလင်းကြောင့် မျက်နှာကိုအလျှင်အမြန်ကွယ်လိုက်ရသည်။

မြူးကြွသော သံစုံတီးလုံးတွေကြား ကခုန်ချင်ပါသော်လည်း ရောင်စုံမီးအလင်းဒဏ်ကိုမခံနိုင်တာကြောင့်ကလပ်မတက်ရပေ။

မျက်နှာကို လက်တစ်ဖက်ကွယ်ကာ chanyeolကိုအလျင်အမြန်ရှာမိသည်။ အငမ်းမရနမ်းနေတဲ့စုံတွဲတွေ၊
မိန်းမသုံးလေးယောက်ကြား မြုပ်နေတဲ့
ယောင်္ကျားတွေ၊

baekhyunမျက်နှာရဲတက်လာရသည်။

ကိုယ်က ကလေးလူပျိုလေး......

"Byun baekhyunလား"

"ဟုတ်တယ်.. ခင်ဗျားက..."

"အကိုလေး chanyeolက Byun baekhyun
ဆိုတဲ့သူလာရင် အခန်းနံပါတ်11ကို လာ ခဲ့ပါတဲ့"

 Two boys(Z×U)حيث تعيش القصص. اكتشف الآن