Part_7

4.7K 449 11
                                    

Zawgyi
________

baekyun ထတော့ နောက်ကျနေပြီ
မြန်မြန်ထ"

"အား"

baekhyun ပါးနှစ်ဖက်ကို လက်ညိုးနဲ့လက်မတင်ကာ
နှုက်ခမ်းဖူးဖူးလေးဆူထွက်လာတဲ့အထိဖျစ်ညစ်ပြီး
ဆူထွက်လာသော နှုက်ခမ်းကို လိမ်ဆွဲလိုက်တာ
ကြောင့် baekhyunစိတ်တိုကာ ငုတ်တုတ်
ထထိုင်လိုတော့ ပြုံးပြုံးကြီး ကြည့်နေတဲ့
luhanနဲ့kyungsoo။

ဒင်းတို့နှစ်ကောင်ပေါင်းပြီး ငါ့စတော်ဘယ်ရီ
ရောင် နှုက်ခမ်းကို လိမ်ဆွဲကြတယ်ပေါ့။

"စောစောစီးစီး ဘာလာလုပ်ကြတာလဲ"

"စာကျက်ဖို့ လာတာပေါ့ကွာ"

"ထွီ ရွံစရာကောင်းလိုက်တာမင်းတို့ပါးစပ်က
စာဆိုတာ ထွက်လာရဲသေးတယ်ပေါ့"

"ပြောပုံက မသိရင် ငါတို့ထက်စာပိုတော်နေသလိုလို"

"အေးလေ  ထားခဲ့လိုက်ကွာ kyungsoo
ငါတို့ ပြန်ရအောင်"

luhanက နှုက်ခမ်းသေးသေးလေးကိုထော်ပြီး
kyungsooကိုအတင်းဆွဲခေါ်ပါတော့သည်။

"မဟုတ်ဘူးလေ ငါက စတာကိုကွာ
လာလာ မင်းတို့အိတ်ထဲက ဂိမ်းစက်တွေ
ထုတ်ကြ"

luနဲ့sooကို ဂိမ်းအရင်ကစားခိုင်းပြီး
baekhyunမျက်နှာသစ်ဖို့ ပြင်လိုက်သည်။

~

"ဒေါက် ဒေါက်"

တံခါးခေါက်သံကြား၍ Luနဲ့soo
gameဂိမ်းစက်တွေကို စားပွဲအောက်ပစ်
သွင်းလိုက်ပြီး luတံခါးဖွင့်ပေးလိုက်သည်။

"Chanyeol "

"baekhyunရှိလား"

"အင်း-မျက်နှာသစ်နေတယ်"

ရေချိုးခန်းထဲ ဝင်သွားသောchanyeolကိုကြည့်ပြီး kyungsooက luကိုမျက်စ,ပစ်ပြသည်။

luလည်း ပုခုံးတွန့်ကာ ခေါင်းခါ ပြလိုက်သည်။

"baekhyun "

baekhyun သူမျက်နှာချောချောအား
တစ်စိမ့်စိမ့်ကြည့်ပြီး သွားတိုက်နေစဉ်ခေါ်သံကြောင့်
လှည့်ကြည့်ရန်ပြင်လိုက်တော့ သူပုခုံးကိုကိုင်ကာ
အရှေ့ကိုပြန်လှည့်ခံလိုက်ရသည်။

မှန်ထဲမှ တစ်ဆင့်မြင်နေရသောchanyeolက
baekhyunကိုပြုံးပြနေသည်။

 Two boys(Z×U)Where stories live. Discover now