Part_16

4.8K 429 16
                                    

baekhyun အိပ်ယာနိုးလာတော့
စားပွဲပေါ်က နာရီကို
လှမ်းကြည့်လိုက်တော့ ၁၁နာရီကျော်ကျော်ကိုညွှန်ပြနေတယ်။

ငါဘာလို့ဒီလောက်ထိ အိပ်ပျော်သွားရတာလဲ။

သူကို ဖက်ထားတဲ့ chanyeolရဲ့လက်တစ်ဖက်ကိုအသာလေးဖယ်လိုက်ပြီး စောင်ပြန်ခြုံပေးကာထမင်းချက်ရန် ထွက်လာခဲ့လိုက်သည်။

ဂျောင်ဆူးက ဟင်းချက်နည်းတွေ​ြေပာြပထားလို့သာ အဆင်​ြေပနေတာ....

ကြက်ပေါင်ကိုစွတ်ပြုတ်လုပ်ပေးလိုက်ပြီး
ကြက်အသားလေးကို ခရမ်းချည်သီးနီပါးပါး
လေးလှီးကာ ကြက်သားသုပ်လေးလုပ်ပေး
ထားသည်။ များသောအားဖြင့် ကြက်သားသုပ်ကို သံပရာသီးအရည်လေးညှစ်ထည့်ကြပေမဲ့chanyeolကို အချဉ်စူးစူးတွေမစားစေချင်ဘူး။

သူ့ကျန်းမာရေးကို အထိခိုက်ခံလို့မဖြစ်ဘူးလေ။သူဘက်က ကိုယ့်ကိုဘယ်လိုပဲမကောင်းမြင်မြင်သူဟာ ကိုယ့်ယောင်္ကျားပဲလေ။

အားလုံးပြင်ဆင်ပြီးသည်နှင့်အပေါ်ထပ်အခန်းထဲ
ဝင်လာလိုက်သည်။ အိပ်ပျော်နေသော chanyeolဘေးတွင် တင်ပလွှဲဝင်ထိုင်ကာ

"Chanyeol ထတော့ ထမင်းစားရအောင်"

သူရင်ဘတ်ပေါ်လက်တင်ကာ လှုပ်နိုးလိုက်သည်။

မဖွင့်ချင် ဖွင့်ချင်ပုံစံနှင့်မျက်လုံးကို ပွတ်သက်ကာ
ငုတ်တုတ်ထထိုင်သည့် chanyeolကို

"chanyeol ထမင်းစားမယ် "

"အိပ်ချင်သေးတယ် ဝါးးးး"

ဝါးသမ်းရင်းbaekhyunပုခုံးပေါ် မှီချကာ
ပြန်အိပ်နေသော chanyeolကျောပြင်ကို
ဖွဖွသပ်ပေးရင်း

"ထမင်းစားပြီး ဆေးသောက်ရမယ်လေ
ထတော့"

ကလေးကြီးလို ဂျီကျနေတဲ့ chanyeolကျောပြင်ကို
မနာအောင်ရိုက်ပြီး မတ်တပ်ထရပ်ကာသူ့ကိုယ်ကြီးကို
ဆွဲထူလိုက်တော့ အလိုက်သင့်ထလိုက်လာသည်။

ထမင်းစားခုံမှာထိုင်စေပြီး ပန်းကန်ထဲထမင်းထည့်ပေး
လိုက်သည်။

ကျွန်တော်က သူရှေ့တည့်တည့်မှာထိုင်လိုက်ပြီး
ကင်မ်ချီထမင်းသုပ် စားနေသည်ကို သူက
ငေးကြည့်နေသည်။

 Two boys(Z×U)Where stories live. Discover now