Part_11

4.8K 485 14
                                    


Zawgyi
_______

chanyeolနဲ့ ကျွန်တော် လက်ထပ်တော့မယ်ဆိုတဲ့
သတင်းက ကျွန်တော်တို့မေဂျာသာမက တခြားမေဂျာ
တွေအထိ ပျံနှံ့နေသည်မှာ chanyeolလက်ချက်မှန်း
ရိပ်မိပါသည်။

သိပေမဲ့လည်း ရန်စ မများချင်တာကြောင့်
မသိချင်ယောင်ဆောင်နေလိုက်သည်။

luနဲ့ sooတို့ကတော့ အံသြဘနန်းဖြစ်လို့မဆုံး။

"baekhyun"

ကျောင်းအုပ်ခုံရှေ့ ကျွန်တော်တို့သူငယ်ချင်း
သုံးယောက် ရေခဲ့မုန့်ထိုင်စားနေစဉ်
noonaရောက်လာတာမို့
လူက ထ ထွက်ပြေးရမလိုလို
ခပ်တည်တည်နဲ့ပဲ ပြန်နှုက်ဆက်ရတော့မလိုလို
အငွေ့ပျံကာ ပျောက်ကွယ်သွားချင်တော့သည်။

"congratulationပါနော်"

"ဟို ဟိုလေ noona"

ကျွန်တော်noonaကိုတစ်ခုခုပြောရန်ပြင်လိုက်တော့
noonaက လက်ကာပြကာ

"ရပါတယ် noonaနားလည်ပါတယ်
အစကတည်းက chanyeolကnoonaကို
မချစ်ခဲ့ပါဘူး တစ်နေ့နေ့ဒီလိုဖြစ်မယ်ဆိုတာလည်း
သိပြီးသား "

"ဒါဆို noonaက.."

ကျွန်တော်စကားမဆုံးခင် noonaက ခေါင်းငြိမ့်
ပြုံးပြကာ

"noonaလည်း chanyeolကို မချစ်ခဲ့ဘူးထင်တယ်
အခု noonaဘာမှ မခံစားရပါဘူး အဲတာကြောင့်
noonaကို အားနာစရာလည်းမလိုသလိုရှေ့ဆက်ပြီး
မိတ်ဆွေကောင်းအဖြစ်ရှိနေချင်ပါတယ် ဒါကို
chanyeolသိအောင် ပြောပြလိုက်ပါနော်"

"ဟုတ်ကဲ့"

noonaက ပြုံးပြကာ လှည့်ထွက်သွားတော့
ကျွန်တော် စိတ်မကောင်းဖြစ်မိသလို စိတ်သက်သာ
ရာလည်းရသည်။

မဟုတ်ရင် noonaကို တစ်သက်လုံးမျက်နှာပူနေ
ရမှာ။ chanyeol အစုတ်ပလုတ်ကြီး
noonaကို တစ်ကယ်မချစ်ပဲ လက်ကိုလည်း
ကိုင်တယ်၊ပေါင်ပေါ်တင်ပြီး ထမင်းလည်းခွံ့ကျွေးလိုက်
သေးတယ်။ဒါတောင်နောက်ကွယ်မှာ ဘာတွေလုပ်သေး
လည်းမသိ။

"အတန်းသွားတက်မယ်လေ baekhyun"

"အင်း"

စာသင်ခန်းထဲ ဝင်လိုက်တော့luhanခုံမှာ
ထိုင်နေသော chanyeolကိုတွေ့လိုက်ရသည်။

 Two boys(Z×U)Where stories live. Discover now