Part_17

4.5K 440 7
                                    

chanyeol ကိုယ့်ကတိနဲ့ကိုယ်ချူပ်မိနေလို့သာ
ငြိမ်နေရတာ။ ရယ်မောပြီး စကားပြောနေတဲ့
baekhyunနဲ့Taesokကိုကြည့်ပြီး
ရင်ထဲမှာ ကျလိကျလိနဲ့ ဘယ်လိုမှ အဆင်ပြေမနေဘူး။

ဘယ်လိုအကြောင်းအရာတွေက ဒီလောက်ရယ်စရာ
ကောင်းနေရတာလဲ။ ငါနဲ့ဆိုရင် အဲမျက်နှာ ပြုံးတောင်
မပြုံးဘူး။ ရယ်ဖို့ဆိုတာ အဝေးကြီးမှာ။

ကိုယ့်ယောင်္ကျားက တခြား ယောင်္ကျားတစ်ယောက်နဲ့
ကြည်နူးနေတာကို ကျွန်တော်က ဘယ်လိုနှလုံးသားနဲ့
လက်ခံပေးရမှာလဲ။

အဲဒီ Taesokဆိုတဲ့အကောင်ကိုလည်း ဘယ်လိုမှ
သဘောမကျတာ။ သူနဲ့ယှဉ်ရင် ကျွန်တော်က
ဒုတိယ ဖြစ်ရတာကိုမုန်းတယ်။

baekhyun မင်းက ငါချစ်သလိုငါကိုပြန်မချစ်ပါဘူးကွာ။
အရင်ကရော၊ အခုရော။

"baekhyun မင်းယောင်္ကျားငါတို့ကိုကြည့်နေတာ
ကြောက်စရာကြီး"

Taesokနဲ့ luhanတို့ကို မနေ့က သူနဲ့ကျွန်တော
အကြောင်းပြောပြနေတာကို
မဟုတ်တရုတ်တွေ ဝိုင်းစကာ လေးယောက်တည်း
ပွဲကြနေကြသည်။

Taesokက chanyeolကို မျက်စပစ်ပြကာ
ပြောလာတာကြောင့် နောက်လှည့်ကြည့်လိုက်တော့
ကျွန်တ်ေတို့ကိုစိုက်ကြည့်နေသည်မှာ ဒေါသထွက်နေမှန်း
သိသာသည်။

ဟိုနေ့က သူ့ဘာသာသူပဲ ကတိတွေစွတ်ပေးပြီး
ပြုပြင်ပါ့မယ် ပြောင်းလဲပါ့မယ်နဲ့။

ဒီလိုစကားကို ယုံမိတဲ့ငါပဲမှားတာ။

အရင်ကရော တစ်သက်လုံးချစ်ပေးပါ့မယ်ဆိုပြီး
ဘာမဟုတ်တဲ့ ကိစ္စလေးနဲ့ သဘောထားသေးသိပ်
ပြီးအဆက်ဖြတ်ခဲ့တဲ့ သူ့ကို ဘာလို့ထပ်ယုံချင်နေမှန်း
မသိတော့ဘူး။

သူ့ထက်မလျော့တဲ့အကြည့်နဲ့ပြန်ကြည့်ပေးလိုက်တော့
sehunတို့ဘက်လှည့်သွားသည်။

"Chanyeolက အရင်အတိုင်းပဲနော် baekhyun
ကို ချစ်တာရော သဝန်တိုတာရော ဘာမှပြောင်းလဲမသွားပါဘူး"

"မင်းထင်လို့ပါ သူက မင်းနဲ့ငါ့ကို အထင်လွဲနေတာလေ
ငါတို့ လက်ထပ်ဖြစ်တာလည်း အဲတာကြောင့်ပဲ"

"အထင်လွဲတယ် သဝန်တိုတယ်ဆိုတာ ချစ်လို့ပဲလေ
သူ့စိတ်ထဲမှာ မင်းကလွှဲရင် ဘယ်သူ့ကိုမှ မမြင်နိုင်တော့
လို့ အတ္တကြီးနေတာပေါ့ "

 Two boys(Z×U)Where stories live. Discover now