Part-4

4.8K 458 10
                                    

"Chanyeolမင်းဘာလာလုပ်တာလဲ"

"မင်းနဲ့ လာအိပ်တာလေ"

"ဘာ!!!"

ခေါင်းအုံးလေးပိုက်ကာ ရောက်ချလာသော
chanyeolကြောင့် Byun papaနဲ့ mama
သာမက baekhyunမှာလည်းအံသြဘနန်း
ဖြစ်နေသည်။

10နှစ်သားအရွယ် ဂိမ်းပြိုင်ပွဲပြီးကတည်းက
ရန်သူတွေဖြစ်သွားကြသောကလေးနှစ်ယောက်သည်နောက်10နှစ်အရွယ်မှာပြန်လည်သင့်မြတ်သွားသည်ဟု
မိဘများက ယူဆနေကြသည်။

အမှန်က....

"ငါသိချင်တာရှိလို့"

"ဘာကိုလဲ"

"noonaအကြောင်းပေါ့ ငါကnoonaအကြောင်း
မင်းလောက်မသိဘူးလေကွာ"

"သိချင်ရင် သွားမေးလေ မင်းတို့ကို ငါမိတ်ဆက်ပေးပြီးပြီပဲ"

"မင်းပြောပြတာပဲလိုချင်တာ"

"အံမယ်...နေပါအုံး..မင်းက noonaကိုကြိုက်တယ်ဆိုပြီးသူအကြောင်းကိုတောင်မသိဘူးလား"

"noonaက ငါကိုမကြိုက်ဘူးလေ အခုတောင်
မင်းမျက်နှာနဲ့ ငါကိုခင်တဲ့ပုံစံမျိုး"

"သုညနဲ့သုညပေါင်းရင် သုညပဲရမှာပေါ့"

"ဂဏန်းတွေအများကြီးရှိရဲ့သားနဲ့ ဘာလို့သုညလဲ"

"မင်းတို့အခြေအနေကဘယ်ရှု့ထောင့်ကကြည့်ကြည့်သုညပဲကိုး"

baekyun ကုတင်ပေါ်ကန့်လန့်ဖြတ်အိပ်ချလိုက်ရင်းဒူးလေးတနန့်နန့်နဲ့ပြောနေပုံက ဖြတ်ရိုက်ချင်စရာ။chanyeolကတော့ ခေါင်းအုံးလေးပိုက်ပြီး မတ်တပ်ရပ်နေရရှာသည်။

"ငါဘယ်မှာအိပ်ရမှာလဲ"

"မသိဘူးလေ"

"ဟိုဘက်တိုး"

"ဘာကိစ္စ...မင်းငါကုတင်ပေါ်တက်အိပ်ဖို့တွေးနေတာတော့မဟုတ်ပါဘူးနော်"

"ကုတင်ပေါ်တက်မအိပ်လို့ မင်းအပေါ်တက်အိပ်ရမှာလား"

"ငနာရဲ့!!!မင်းကြမ်းပြင်မှာ အိပ်ရမှာ"

"ဟာ...ဒီလောက်အေးစက်နေတာကြီးကို"

"မအိပ်နိုင်ဘူးလား"

"နိုးပါ"

"အဲတာဆို...လစ်တော့သားကြီး"

"ရတယ်လေ...မင်းကမဖယ်ပေးဘူးဆိုတော့"

 Two boys(Z×U)Where stories live. Discover now