Part_9

4.9K 462 10
                                    

Zawgyi
________

"စတော်ဘယ်ရီကိတ် တစ်ခုပေးပါ"

"စတော်ဘယ်ရီကိတ်တစ်ခုပေးပါ"

baekhyun သူ့လိုပဲ စတော်ဘယ်ရီကိတ်မှာတဲ့
ဘေးနားက ကောင်လေးကို မော့ကြည့်လိုက်တော့
အရပ်ရှည်ရှည် ဖြူဖြူသန့်သန့် ချောချောကောင်လေးက
ပြုံးပြလာ၍ ပြန်ပြုံးပြလိုက်သည်။

"ဟို အကိုတို့ရယ် စတော်ဘယ်ရီကိတ်က တစ်ခုပဲ
ကျန်တော့တယ်"

baekhyunစိတ်ညစ်သွားသည်။

စတော်ဘယ်ရီကိတ်ကို အလွန်ကြိုက်သောသူ့အဖို့
လက်လွှတ်ရမှာ နှမြောမိသည်။

နောက်တစ်ဆိုင်ပြောင်းဝယ်စားလို့ရပေမဲ့ ဒီဆိုင်က
သူစားနေကျဖြစ်သလို ကိုရီးယားရဲ့ အကောင်းဆုံး
စတော်ဘယ်ရီ ကိတ်ဆိုင်ဟုတင်စားရလောက်အောင်
လက်ရာအင်မတန်ကောင်းလွန်းသည်။

ကိုယ်တိုင်ကိတ်မုန့်လုပ်ပြီး ကိုယ်ပိုင်ဆိုင်လေးဖွင့်ထားသော ဆိုင်လေးဖြစ်သည်။

ဆိုင်ရှင် ဦးလေးကလည်း အတော်သဘောကောင်းသည်။

"ဟို ရပါတယ် အဲတာဆိုလည်း ဒီကအကိုပဲ ယူလိုက်ပါနော်"

baekhyun ဆိုတာ အလွန်သဘောကောင်းသူမို့
မိမိကိုယ်ထက် သူတစ်ပါးကို ဦးစားပေးသူဖြစ်သည်။

"ကျေးဇူးတင်ပါတယ်ခင်ဗျ"

baekhyunခေါင်းတစ်ချက်ငြိမ့်ပြပြီး ဆိုင်ပြင်ထွက်
လာလိုက်သည်။

ဟူးးးးး။

ငါ့ရဲ့စတော်ဘယ်ရီလေး။

ဟွန့်...အားနာပါးနာလေးတောင် ပြန်မငြင်းဘူး။

"Byun baekhyun"

baekhyunခေါ်သံကြား၍ နောက်လှည့်ကြည့်လိုက်
တော့ အခုနကလူ ။

လက်ထဲမှာလည်း စတော်ဘယ်ရီကိတ်တစ်ခုနဲ့။

နေပါအုံး ဒီလူ ငါ့နာမည်ကိုသိနေတာလား။

သူနဲ့ငါ ဘယ်မှာဆုံဖူးတာလဲ။

"ရော့"

သူက ကျွန်တော်ထံ စတော်ဘယ်ရီကိတ်ကမ်းပေးလာ
သည်။

ကျွန်တော်လည်း အခုမှ ပထမဆုံး တွေ့ဖူးတဲ့သူက
ပေးတာကို ဘယ်ငြင်းလို့ဖြစ်မလဲ....

 Two boys(Z×U)Donde viven las historias. Descúbrelo ahora