Part_13

4.8K 463 11
                                    

*ဟုန်းဒယ်*စား​သောက်ဆိုင်ရှေ့ကားပါကင်တွင်
ကားထိုးကာစားသောက်ဆိုင်ထဲဝင်လာလိုက်သည်။

မနက်ကတည်းက နေ့လည့်တစ်နာရီကျော်ထိ
ဘာမှမစားရသေးပေ။

ထုံးစံအတိုင်း ဂဂျီကျတတ်တဲ့ baekhyunမှာ
သတို့သား ဝတ်စုံကို စိတ်တိုင်းကျတဲ့ပုံစံမရမချင်း
ဒီဇိုင်နာမမများကိုတစ်တွက်တွက်ပြောတာ
အားမရရင် ပုံပါတစ်ခါတည်းဆွဲပြနေသည်ကို

chanyeolဘာမှဝင်ပြောမနေတော့ပဲ
ရပ်သာကြည့်နေလိုက်သည်။

သူစိတ်တိုင်းကျဖို့က အဓိက။

မင်္ဂလာပွဲတစ်ခုမှာ အိမ်သူသက်ထားစိတ်ကြိုက်
မဖြစ်ရင် တစ်သက်လုံးအရစ်ခံရတယ်ဆိုတဲ့
ရှေးလူကြီးစကားအရ အခုချိန်မှာ

အားလုံးကိုသူစိတ်ကြိုက် သူ့သဘောအတိုင်းပဲ
လုပ်ပါစေလေ ။ အခုလည်း သတို့သား
ဝတ်စုံကို ကိုယ်တိုင်အတိုင်းတိုင်းကာ
စက်ပေါ်တက်ချူပ်မတတ်ညွှန်ပြနေသည်။

အနာဂါတ်ကိုရှေးရှူပြီး သူကိုလွှတ်ထားမိတာ
တစ်နာရီကျော်တဲ့အထိ မပြီးနိုင်သေး။

ဒီဇိုင်းနာမမတွေလည်း စိတ်ရှုပ်နေဟန်တူသည်။
ကိုယ်တွေရဲ့ပါဝါကြောင့်သာ ထုတ်မပြောတာပဲရှိသည်။

chanyeolမနေနိုင်တဲ့အဆုံး ဗိုက်ဆာကြောင်း
ပြောကာ မရမကကိုဆွဲခေါ်လာခဲ့သည်။

"ထမင်းပူပူလေးနဲ့ အမဲအူသုပ်လေးနဲ့ဆို
စားကောင်းမှာပဲ"

menuစာအုပ်ကိုတစ်ရွက်ချင်းလှန်ရင်းနောက်ဆုံး
အကြိုက်တွေ့သွားပုံရသောbaekhyun
မှာ menu picကိုလက်ညိုးထိုးပြလာသည်။

" chanyeolမင်း ဘာစားမှာလဲ"

menuစာအုပ်ကိုကြည့်နေရင်းbaekhyunက
မေးသည်။

"ငါက ဘာပဲဖြစ်ဖြစ်ရပါတယ် မင်းကြိုက်တာမှာလိုက်"

waiterလေးအနားရောက်လာတော့baekhyun
မှာလိုက်သော အစားအသောက်တွေကြောင့်chanyeol
မျက်လုံးပြူးရသည်။

ပြည်ကြီးငါးသုတ်၊ အမဲအူသုတ်၊ ဂဏန်းငံပြာရည်စိမ်
ဒယ်ဂူနှပ်၊ ကြက်စပ်ကြော်၊ ရေကန်စွန်းမွှေကြော်၊
ဘဲပေါင်းသံပရာ၊ငါးအသားလွှာ၊ဝက်စွတ်ပြုတ်

 Two boys(Z×U)Where stories live. Discover now