Part_6

4.6K 454 14
                                    

ပါတီက baekhyunအတွက် စိတ်ရှုပ်စရာ
တစ်ခုထက်မပိုဘူး။
ရောင်စုံမီးရောင်တွေကြား ကခုန်နေကြတဲ့
လူတွေကြည့်နေရင်း မူးတောင်မူးလာသလိုပဲ။

Oh sehun မိဘတွေ ဂျပန်ရုံးခွဲကို အလုပ်ကိစ္စနဲ့
ခရီးသွားကြတော့ sehunဆိုသည်မှာ
ထိန်းမနိုင်သိမ်းမနိုင်ဂျပလွတ် ဖြစ်နေတာပေါ့။

သူ့အပေါင်းအသင်းတွေကလည်း ဘာထူးလဲ။
Jonginရဲ့ sexy danceမှာ ကောင်မလေးတွေက
လည်း တဝိုးဝီုး တဝါးဝါးနဲ့။

ကောင်မလေးတွေ ဝိုးတာကတော့ ဟုတ်ပါပြီ။
ဟို kyungsoo က မေးကြီးအောက်ပြုတ်ကျတဲ့အထိ
တဝိုးဝိုးနဲ့ မြင်မကောင်း ရူ့ မကောင်း။

ခက်တော့တာပဲ။

နောက်ရက်ကျမှ ငါ့လို သိက္ခာနဲ့နေတတ်အောင်
သင်ပေးအုံးမှပါလေ။

အံမယ်...luhan အဲတာဘာလုပ်နေတာလဲ။

sehunအခွက်နဲ့ သူ့အခွက်က တစ်လက်မ
ပဲဝေးတော့တယ်။

နည်းနည်းနောက်ဆုတ်ပါဟ။

ရောင်စုံမီးကြောင့်မူးတာကတစ်မျိုး...

ဟိုနှစ်ယောက်ကိုကြည့်ပြီးမူးတာကတစ်မျိုး.....

Park chanyeolကိုစိန်ခေါ်ပြီး
လေး,ငါး,ခြောက်ခွက်,ခုနှစ်ခွက်သောက်လိုက်မိလို့
မူးတာက တစ်မျိုး။

သုံးမျိုး သုံးဖလှယ်ပေါင်းပြီး
မဟန်တော့ပေမဲ့

"ယောင်္ကျားဖြစ်ပြီး ပျော့ညံ့လိုက်တာ"ဆိုတဲ့
chanyeolရဲ့ စကားကိုမခံချင်လို့ ပေတေထိုင်နေရပေမဲ့
ကိုယ်အကြောင်းကိုယ်သာသိသည်။

"ကဲ ..အားလုံးပဲ ကြေငြာစရာတစ်ခုရှိပါတယ်"

sehunက သီချင်းသံတွေ အားလုံးကိုပိတ်လိုက်ပြီး
လက်ခုပ်တစ်ချက်တီးကာ ပြောလာသည်။

"ကျွန်တော်ရဲ့ သူငယ်ချင်းကြီး chanyeolနဲ့
ဟော့ဒီက noona Eunwooတို့က ဒီနေ့မှာ
ချစ်သူတွေ ဖြစ်သွားကြပါပြီ အားလုံးပဲ

ကျွန်တော်ရဲ့ သူငယ်ချင်းကြီးကို လက်ခုပ်တီးပြီး
ဂုဏ်ပြုပေးလိုက်ကြပါဗျာ"

ဟိုက်!!!

မြန်လှချည်လား။

ငါအောင်သွယ်ပေးတာ တစ်ပါတ်တောင်မပြည့်
သေးဘူးလေ။

 Two boys(Z×U)Where stories live. Discover now