Part_25

5K 422 19
                                    

"ခင် ခင်ဗျား ထွက်သွား အခုချက်ချင်းထွက်သွား
chanyeol အခုချက်ချင်း သူ့ကိုနှင်ထုတ်လိုက်
အားးးမမြင်ချင်ဘူး  အဲဒီမိန်းမကြီးကို အီးးးဟီးးးဟီးးးအီးးး"

baekhyunကchanyeolလက်မောင်းကို
ဆွဲလှုပ်ကာ ကလေးတစ်ယောက်တိုင်သလိုEun woo
ကို လက်ညှိးထိုးကာအော်ငိုပါတော့သည်။

chanyeol ရှိုက်ရှိုက်ငိုနေတဲ့ ကိုယ်လုံးပိစိလေးကို
ရင်ခွင်ထဲ တင်းတင်းကျပ်ကျပ် ထွေးပွေ့ထားလိုက်သည်။

"Lee Eun Woo shii ခင်ဗျား သွားပါတော့ဗျာ
နောက်လည်း ကျွန်တော်တို့နဲ့ လာမပတ်သက်ပါနဲ့
မဟုတ်ရင် ခင်ဗျားကို ကျွန်တော်သတ်မိလိမ့်မယ်"

Lee Eun wooက chanyeolရင်ခွင်ထဲက
baekhyunကိုကြည့်ကာ လက်ခုပ်လက်ဝါးတီးကာ
ရယ်ပါတော့သည်။

ငိုနေသော baekhyunမှာ အံသြမှင်သက်သွားသလို
chanyeolမှာလည်း ကြောင်အ,သွားသည်။

"နောက်မှာ ပုန်းနေတဲ့ကလေးတွေ noonaကို
လာကယ်ပါအုံး chanyeolက သတ်ပစ်မယ်တဲ့"

ဟမ်။

chanyeolနဲ့baekhyun စူးစမ်းသလို နောက်လှည့်ကြည့်လိုက်သည်နှင့် ရယ်ချင်လွန်းလို့
ရုပ်ပျက်ဆင်းပျက် ပါးစပ်ပိတ်ထားကြတဲ့ လူတစ်စု။

တစ်နည်း

Kim Jongin
Oh Sehun
Do KyungSoo
Xiao Luhan
Han TaeSok   တို့သာ။

နောက်ဆုံးမှာထိန်းမထားနိုင်ကြဘူးထင်ပါနဲ့ တဝါးဝါး
ထရယ်ပါလေတော့သည်။

ရယ်သံတွေလျှံကြနေတဲ့ မီးဖိုခန်းလေးထဲမှာတော့
ဘာမှကို နားမလည်နိုင်ဖြစ်နေတဲ့ chanbaekမောင်နှံ။

"ဘာ  မင်းတို့အားလုံးပေါင်းကြံကျတာပေါ့"

ထမင်းစား စားပွဲမှာ ဝိုင်းစုထိုင်ကြရင်း အဖြစ်သနစ်
အားလုံးရှင်းပြသည့်အဆုံး chanyeolရဲ့ပြူးဝိုင်းဝိုင်း
မျက်လုံးတွေဟာ နဂိုထက် အဆပေါင်းများစွာပြူးလာကာ
အံသြမှင်သက်နေသည်။
ထို့အတူပါပဲ baekhyunရဲ့မေးကြီးမှာလည်းအောက်ပြုတ်ကျနေသည်မှာ စားပွဲနှင့်ထိလုမတတ်ပင်။

"မင်း မင်းတို့က ဘာလို့အဲလိုလုပ်တာလဲ"

chanyeolကမေးသည်။

 Two boys(Z×U)Where stories live. Discover now