Part_24

4.7K 446 25
                                    

တသိမ့်သိမ့်ရှိုက်ငိုနေတဲ့ သူ့လေး အတော် ဝမ်းနည်း
နေကြောင်းပါးပြင်ပေါ် အဆက်မပြတ်စီးကျနေတဲ့
မျက်ရည်တွေက သက်သေပင်။

ဘာကို ဝမ်းနည်းတာလဲ။
ကျွန်တော်က သူထက်ပို စိတ်ထိခိုက်ရသူပါ။
သူမသိဘူး။
ကျွန်တော် သူနဲ့ပတ်သက်သမျှ အဆိုးတွေမဖြစ်လာဖို့
ရင်အကွဲခံပြီး တချို့အရာတွေကို မသိချင်ယောင်ဆောင်နေရတဲ့အကြောင်းတွေ။

သူ့ပါးပြင်ပေါ်က မျက်ရည်တွေကို သုတ်ပေးလိုက်ချင်းပင်
သူက ကျွန်တော့်လက်ကို ပုတ်ထုတ်ကာ

"ငိုကာမှ မျက်ရည်လာသုတ်ပေးမနေနဲ့ အစကတည်းက
မငိုအောင်ထားပါလား "

"ကိုယ် ဘာလုပ်မိလို့လဲ baekhyunငါမင်းစိတ်
ကြိုက်ပဲ နေပေးနေတာပဲ မင်းဖြစ်စေချင်သလို
ငါကြိုးစားနေတာလေ ငါဘာမှားလို့လဲ"

"မင်းကြိုးစားတယ်ဆိုတာ noonaနဲ့လား"

"ဘယ်က noonaက ပါလာပြန်ရတာလဲ"

baekhyun နှုက်ခမ်းကိုမဲ့ရွဲ့ကာ မတ်တပ်ထရပ်လိုက်
သည်။ပြီးတော့ မဲ့ပြုံးကို ချိတ်ဆွဲကာ လက်ပိုက်ထားသည်။

"ဟွန့် အခုတော့ စကားနဲ့တောင် အထိမခံတော့ဘူးပေါ့"

"baekhyun မင်းမဟုတ်တာ မပြောနဲ့
noonaနဲ့ငါက ရိုးရိုးသားသား.."

" မင်းတို့နှစ်ယောက်ပြန်တွဲနေကြတာ တစ်ကျောင်းလုံးသိတယ်  မင်းတို့သတင်းတွေ မကြားချင်အဆုံးပဲ အဲတာတောင် ရိုးသားတာလား"

baekhyunစီးကျလာတဲ့မျက်ရည်တွေကို လက်ခုံနဲ့
ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်သည်။

"မဟုတ်ဘူး baekhyun အဲတာတွေက
လျှောက်ပြောနေကြတာ ငါမှာမင်းရှိနေတာပဲ
noonaကို ငါအရင်ကတည်းက

ခံစားလို့မရလို့ကို မင်းဆီပြန်လာတာ
ဘာဖြစ်လို့ငါစိတ်ကိုမသိရတာလဲ baekhyun
ငါဘယ်သူ့ကိုချစ်လဲဆိုတာ မင်းဘာလို့ခွဲခြားမသိရတာလဲ"

"ဒါဆိုဘာလို့ မင်းက ဒီသတင်းမဟုတ်ပါဘူးလို့ရှင်း
မပြရတာလဲ"

"ငါရှေ့မှာဆို ဘယ်သူမှမပြောကြဘူးလေ ပြီးတော့
အဲတာက မရေးမကြီးဘူးထင်လို့ ငါမှာ မင်းရှိနေတာပဲ
ကျန်တာအားလုံးက သူ့အလိုလိုရှင်းသွားမှာပဲလေ"

 Two boys(Z×U)Where stories live. Discover now