Part_21

4.6K 432 9
                                    

baekhyunမင်းရဲ့ သူငယ်ချင်းတွေက
မင်းနဲ့ Taesokကိုအောင်သွယ်ပေးနေကြတာလား"

"ဘာ"

chanyeolကိုနောက်ကျောခိုင်းလျက်ရှိနေသောbaekhyunက မထင်မှတ်တဲ့စကားကြောင့်
မျက်နှာချင်းဆိုင်ဖြစ်စေလိုက်သည်။

"chanyeolမင်းဘာလို့တစ်ချိန်လုံး
မဟုတ်တဲ့အတွေးတွေပဲ တွေးနေရတာလဲ"

"အဲလိုတွေးအောင် မင်းတို့ပဲလုပ်နေကြတာမလား"

တစ်ယူသန်အတွေးတွေနဲ့ chanyeolဟာ
baekhyunဘယ်လိုပဲရှင်းပြနေပါစေ
နောက်ဆုံးမှာ ရှင်းပြရတဲ့သူသာ အမောဖောက်
သွားမယ် သူလိုလူကတော့ ဘယ်တော့မှ လက်ခံပေးမှာမဟုတ်ဘူး။ သူရဲ့အတွေးသာလျှင်အမှန်လို့ယူဆထားတဲ့
လူမျိုး။

"chanyeolငါမင်းကိုအများကြီးပြောခဲ့ပြီးပြီ
ငါမှာ နောက်ထပ်ပြောစရာဘာမှ မရှိတော့ဘူး
အဲတော့ မင်းကြိုက်သလို ဆုံးဖြတ်"

မွန်းကြပ်နေသောစိတ်ကို စိတ်သာလိုသက်သာငြား
အော်ဟစ်သောင်းကျန်းပစ်လိုက်ချင်သည်။ သိပ်ဆိုးတဲ့
chanyeolကသူရဲ့နာကျင်မှုကို သိနိုင်မယ်မထင်ဘူး။
တစ်ဖက်မျက်နှာလှည့် ထားတဲ့baekhyun
ရဲ့ပါးပြင်ပေါ်ပူနွေးနွေးအရည်တချို့ စီးဆင်းသွားသည်။

"အဲ့တာ ဘာပြောတာလဲ baekhyun"

ကျောခိုင်းနေသော baekhyunရဲ့လက်မောင်းကို
chanyeolက ဆောင့်ဆွဲလိုက်ပြီး မျက်နှာချင်းဆိုင်စေသည်။

မျက်ရည်စီးကြောင်းတွေနဲ့ baekhyunမျက်နှာကို
chanyeol ငေးကြည့်နေမိသည်။

"ငါ့ကို မယုံရင် မင်းစိတ်ကြိုက် ဆုံးဖြတ်လိုက်လို့
ပြောတာလေ မင်းလည်း ပင်ပန်းတယ် ငါလည်းပင်ပန်း
တယ် အစကတည်းက မင်းက Taesokကိုရှုံးမှာ
ကြောက်လို့ ငါ့ကိုလက်ထပ်ခဲ့တာပဲလေ မင်းက
အမြဲတမ်းသူများ ခံစားချက်ကို မကြည့်ဘူး
မင်းကပဲ အမှန် မင်းက အတ္တကြီးနေတာ"

"ဟုတ်တယ်ငါက အတ္တကြီးတယ် အဲဒါက
အရမ်းချစ်မိနေလို့ ရင်ဘတ်ထဲမှာ တစ်ယောက်တည်းကို
ပဲလိုအပ်နေလို့ သစ္စာရှိရှိချစ်ခဲ့ပေမဲ့ ယုံကြည်ချက်တွေ
ရိုက်ချိုးခံရလို့ သေလောက်အောင် မုန်းပေမဲ့ သေလောက်
အောင်ချစ်မိနေလို့ မင်းသိလား အဲဒါတွေ ဟမ်
ပြောစမ်း baekhyun ဘာလို့ငါ့အပေါ်သစ္စာမရှိရတာလဲ"

 Two boys(Z×U)Where stories live. Discover now