Final

7.2K 486 10
                                    

ကျွန်တော်တို့ရဲ့ မင်္ဂလာ သက်တမ်းဟာဒီနေ့ဆို
၎နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။
ဘွဲ့ရပြီးကတည်းက chanyeolဟာ မိဘတွေ
companyကို ဦးစီးလုပ်ကိုင်နေပြီဖြစ်သည်။

မပြောင်းလဲတာ တစ်ခုက Chanyeolဟာ အရင်အတိုင်း  တွေ့ရာလူနဲ့ သဝန်တိုဆဲပါပဲ။ သည်းမခံနိုင်တဲ့အဆုံး အော်ဟစ်သောင်းကျန်းပစ်လိုက်ကာမှ
မျက်ရည်လေး အဝိုင်းသားနဲ့ နောက်မဖြစ်စေရပါဘူး
ဆိုပြီး တောင်းပန်ပါတော့သည်။ ဒါပေမဲ့လည်း
ခဏပါပဲ။ အဲတော့လည်း ကိုယ်ကမှ ဒီလူဆိုးကြီးကို
မစွန့်ပစ်နိုင်တော့လည်း သည်းခံရုံအပြင် မရှိဘူးပေါ့။
အတတ်နိုင်ဆုံး ကိုယ်ဘက်ကပဲ သူ့အကြိုက်နေပေးလိုက်တော့သည်။ အတိုင်းအတာ တစ်ခုအထိပေါ့။

ကျွန်တော်ကတော့ အစက chanyeolရဲ့အတွင်းရေးမှုး
လုပ်ခဲ့ပေမဲ့ ကျွန်တော် ဝမ်းကြားတိုက်ထဲမှာ ကလေးလေး
တစ်ယောက်အလည်ရောက်လာကတည်းက အကဲပိုသူ
ကြီးက ဘာကိုမှ မလုပ်ခိုင်းသဖြင့် ထမင်းဟင်း ကိုယ်တိုင်ချက်ချင်ကြောင်း မနည်းပူဆာထားရသည်။

ဒီနေ့ ကျွန်တော်တို့ရဲ့ အထူးနေ့လေးမို့ တစ်နေကုန်
လျှောက်လည်ကြမည်ဖြစ်သည်။
မင်္ဂလာနှစ်ပတ်လည်ဖြစ်သလို ဗိုက်ထဲက သားသားလေး
၅လပြည့်လည်းဖြစ်သည်။

"baek အစောကြီး နိုးနေတာလား"

မီးဖိုခန်းထဲ ချက်ပြုတ်ပြင်ဆင်နေသည့် baekhyunရဲ့
နောက်ကျောပြင်ပိစိလေးကို chanyeolရင်ခွင်ထဲ
ထိကပ်ထားသည်။

"ဟုတ်တယ် ငါတို့နေမမြင့်ခင် သွားကြမယ်
သွား အပျင်းကြီးမနေနဲ့ မျက်နှာမြန်မြန်သစ်
ဟင်းတွေကျက်ရင် သွားကြမယ်"

"ဟုတ်ကဲ့ပါ ခင်ဗျ"

•°•°•°•°•°•°•°•°•°•°CB•°•°•°•°•°•°•°•°

အရိပ်ခပ်ကြီးကြီးရှိတဲ့ သစ်ပင်အောက်မှာ
အခင်းဖြန့်ကာ baekhyunကို ထိုင်စေသည်။
ခြေဆင်းထိုင်နေသော baekhyunပေါင်ပေါ်ကို
chanyeolခေါင်းအုံး အိပ်လိုက်ပြီး မျက်နှာနဲ့အနီး
ဆုံး ဖြစ်နေတဲ့ ဗိုက်ပူပူလေးကို တစ်ဝကြီးနမ်းပစ်လိုက်သည်။

"chan ရေ ငါတို့ ကလေး ဖြစ်တော့မယ်နော်"

"အင်း ဟုတ်တယ်နော် ငါတို့သားလေး အပြင်ရောက်လာရင်  အခုထက် တာဝန်တွေ ပိုများသွားပြီ အလုပ်လည်း
ပိုကြိုးစားရတော့မယ် "

 Two boys(Z×U)Tempat cerita menjadi hidup. Temukan sekarang