Chanyeolညက ဘာမှမစားပဲအိပ်လိုက်တဲ့
အကျိုးက မနက်ရောက်
တော့ အစာအိမ်အောင့်လာသည်။ လက်နှစ်ဖက်ကို
ဗိုက်မှာဖိညှစ်ထားရင်းခွေခွေလေး အိပ်နေလိုက်သည်။မျက်နှာရှုံ့မဲ့မဲလေးဖြစ်နေကာ
အိပ်ယာထဲခွေနေသော Chanyeolကြောင့်
စိုးရိမ်သွားကာ အနားကပ်ကြည့်လိုက်သည်။"chanyeol ဘာဖြစ်နေတာလဲ"
မျက်နှာတစ်ခုလုံးနီရဲကာ ချွေးတွေနစ်နေသော
ကြောင့် စိုးရိမ်မှု ဒီကရီမြင့်တက်လာသည်။နဖူးစမ်းကြည့်တော့အသားတွေအေးစက်စက်ဖြစ်နေသည်။
"chanyeol မင်း နေမကောင်းဖြစ်နေတာလား
chanyeol Park chanyeol"ဘာမှပြန်မပြောပဲ ပေကပ်နေသော ယောင်္ကျားဖြစ်သူ
ကြောင့်စိတ်လည်းတိုမိ စိတ်လည်းပူမိပါသည်။"အောင့် အောင့်နေလို့"
ဗိုက်ကိုအတင်းဖိကာ ပြောနေသောchanyeolကို
ကြည့်ကာbaekhyunလန့်လာသည်။"အစာအိမ် အောင့်နေတာလား"
"အင်း"
"ခဏစောင့် ငါဆရာဝန်ဆီ ဖုန်းဆက်ပေးမယ်"
baekhyun အလောတကြီးဖုန်းကိုကောက်ကိုင်လိုက်
တော့ chanyeolက လက်ကာပြကာ"ငါ့ကို အံဆွဲထဲက အစာအိမ်ဆေးယူပေး"
chanyeolလက်ညိုးထိုးပြတဲ့စားပွဲနား
အပြေးသွားကာ အံဆွဲထဲက အစာအိမ်ဆေးဘူးဒီဆေးက တစ်ဝက်တောင်ကျနေပြီ
သောက်တာကြာနေပြီလား
baekhyunထပ်မစဉ်းစားတော့ပဲ chanyeol
အနားပြန်သွားကာ"နေအုံး ဆေးမသောက်ခင် မုန့်အရင်စား
ရမယ်"baekhyunတစ်ရေးနိုး စာရင် အဆင်သင့်
စားဖို့ဝယ်ထားသော မုန့်အချို့ကိုယူကာ
chanyeolရဲ့မနိုင်မနင်းကိုယ်ကြီးကို ဆွဲထူကာ
ပါးစပ်ထဲအရောက် မုန့်ခွံ့ကျွေးနေသည်။မုန့်ကျွေးပြီးသည်နှင့်ဆေးတစ်ခါတည်းတိုက်ကာ
လှဲအိပ်နေစေသည်။"chanyeol မင်းဒီဆေးတွေသောက်တာကြာ
နေပြီလား"မျက်လုံးမှိတ်ထားရာက ပြန်ဖွင့်လာပြီး
![](https://img.wattpad.com/cover/209688791-288-k287488.jpg)
ВЫ ЧИТАЕТЕ
Two boys(Z×U)