Part_20

4.5K 407 6
                                    

အငွေ့တစ်ထောင်းထောင်းထနေသော နံနက်စာ
ထမင်းဝိုင်းထဲတွင် လေးယောက်သား ခေါင်းမဖော်တမ်း
အားရပါးရ စားသောက်နေကြခြင်းဖြစ်သည်။

ဒီနေ့မနက်ခင်းရဲ့ စားဖိုမှုးမှာ Do kyung soo
ဖြစ်သောကြောင့် စားရသောက်ရသည်မှာ အလွန်အရသာ
ရှိနေသည်။

ငြိမ်သက်နေသော ထမင်းဝိုင်းလေးကို ဖျက်ဆီးလိုက်သည်မှာ Luhanဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် luhanရဲ့မေးခွန်းကိုbaekhyunအဖြေပေးရန် မစွမ်းဆောင်နိုင်သော
ကြောင့်ဖြစ်သည်။

"baekhyun မင်းညက ဘာလို့ပြန်မလာတော့တာလဲ
ငါတို့မှာ မင်းပြန်လာမယ်ထင်ပြီး တံခါးတောင်မပိတ်ထားဘူး ကဲ ပြောပါအုံး ပြန်မလာရတဲ့အကြောင်းလေး"

baekhyunသည်သောက်လက်စ ဟင်းရည်ပူပူကို
မသီးအောင် သတိထားမြိုချနေရသည်။

Kyungsooကပါ စူးစမ်းသလိုကြည်လာတော့
baekhyunမနေတတ်တော့။ဘေးနားကchanyeol
ကိုစောင်းငဲ့ကြည့်လိုက်တော့ ငါးကြော်ပူပူလေးကို အရိုးမပါစေရန်အသားသက်သက်ကိုသာ baekhyunထမင်း
ပန်းကန်ထဲ သေသေချာချာ နွှင်ပေးနေတာဖြစ်သည်။

"မင်းက ယောင်္ကျားကို တစ်ညလေးတောင်မခွဲနိုင်ဘူးလား"

ချစ်စရာကောင်းတဲ့luhanဟာ နှုက်ခမ်းတွေရွဲ့လိုက်
စောင်းလိုက်နဲ့  မေးလိုက်သည်။

"ငါတို့က တစ်ခါတစ်လေမှ လာတာကို
အဲလောက်လည်း အဖြစ်သည်းမနေပါနဲ့
baekhyunမင်းက ယောင်္ကျားရတာတောင်မကြာ
သေးဘူး ချက်ချင်းကို အချိုးတွေပြောင်းတော့တာပဲနော်
ဟွန်း မပြောသေးဘူး ကြည့်နေတယ် ဟင်း ..ဟင်း"

အတိုင်အဖောက်ညီနေတဲ့သူငယ်ချင်းနှစ်ယောက်ကို
baekhyunနှုက်ခမ်းလှုပ်ရုံမျှကျိန်ဆဲပစ်လိုက်သည်။

"8နာရီကျော်နေပြီ ကျောင်းနောက်ကျနေမယ်
မြန်မြန်စားကြ"

baekhyunစကားလမ်းကြောင်း လွှဲလိုက်သည်။
မဟုတ်ရင် chanyeolစိတ်နဲ့ မလွယ်ဘူး။

ကျောင်းသွားရတော့မယ်ဆိုတဲ့အသိနောက်မှာ
လှုပ်ရှားမှုတွေ သွက်လက်လာကြသည်။
အစာငတ်မှာတော့ ကြောက်ကြသားပဲ။

 Two boys(Z×U)Where stories live. Discover now