Part_10

4.9K 455 15
                                    

"baekhyun ထစမ်း မြန်မြန်"

မနေ့ညက အတွေးပေါင်းစုံနဲ့ အိပ်ရေးပျက်ခဲ့တာမို့
မထချင်သော်လည်း မိမိ မက်မွန်းသီးအားမွေးမိခင်မှ
တဖြန်းဖြန်းရိုက်ကာ နိုးတတ်သည်မို့ တစ်ခွန်းထဲနဲ့
ငေါက်ကနဲ ထထိုင်လိုက်သည်။

"မြန်မြန်လုပ် မျက်နှာသစ်ပြီးအောက်ဆင်းလာခဲ့
ဝီရီယ ကိုမရှိဘူး"

ရေးကြီးသုတ်ပျာနဲ့ ပါးစပ်က ပွစိပွစိပြောကာ အောက်ပြန်ဆင်းသွားသော မိခင်ကိုကြည့်ကာ baekhyun
ဘာမှနားမလည်နိုင်ဖြစ်ရသည်။

ကုတင်ပေါ်က အမြန်ကုန်းထပြီး မျက်နှာသစ်ကာ
အရင်ကအတိုင်း ကြည့်ကောင်းအောင်ပြင်ဆင်ကာ
အောက်သို့ ဆင်းလာခဲ့သည်။

လှေကားပေါ်က လှမ်းမြင်နေရတဲ့ Parkမိသားစု
ကြောင့် baekhyunသူ ဘာအမှားလုပ်မိတာလည်း
စဉ်းစားနေလိုက်သည်။

မိသားစုလိုက်ကြီးရောက်ချလာတာဆိုတော့
Park chanyeol ဘာတွေချွန်လိုက်ပြန်ပြီလဲ
မသိပါဘူးနော်။

baekhyunဧည့်ခန်းထဲကို မရဲတရဲခြေလှမ်းဖြင့်
လှမ်းဝင်သွားလိုက်သည်။

"သား လာပါအုံး မေမေ့အနားကို"

Park mamaက အနားလာထိုင်ဖို့ခေါ်တော့
baekhyunမငြင်းသာပဲ ထိုင်လိုက်ရသည်။

"သားလေးက ပိုပိုပြီး ချစ်ဖို့ကောင်းလာတယ်
အရွယ်ရောက်လာတော့ လူငယ်ချင်း ချစ်တာကြိုက်တာ
မေမေက မကန့်ကွက်ပါဘူး မေ့မေကို စောစောစီးစီး
ဖွင့်ပြောလိုက်ရင် ရတာပဲ မေမေက သဘောတူပြီသား"

"ခ.ဏ..ခဏ အန်တီ ဟိုဘာတွေပြောနေတာလဲဟင်
ဘယ်သူနဲ့ ဘယ်သူက ကြိုက်နေတာလဲဗျ"

"သားရယ် ရှက်မနေပါနဲ့ မေမေ အားလုံးသိပြီးပါပြီ
သားနဲ့ chanyeol ကြိုက်နေကြတာ ကြာပြီဆို"

"ဗျာ"

baekhyunအံသြပြီး chanyeolကိုလှမ်းကြည့်တော့
သူမသိသလိုနဲ့ ဖုန်းကလိနေသည်။

"ဟို အန်တီခဏနော် ကျွန်တော်chanyeolနဲ့
စကားပြောလိုက်အုံးမယ်"

"သြော် အေးပါကွယ် အေးအေးဆေးဆေး
တိုင်ပင်ကြနော်သားတို့"

 Two boys(Z×U)Where stories live. Discover now