Part_23

4.4K 452 18
                                    

Chanyeolအရင်လို ကျွန်တော်အပေါ်
သဝန်မတိုတော့တာ တစ်ကယ်ဆို
ကျွန်တော် ပျော်နေသင့်တယ်မလား။

ဝမ်းနည်းနေတယ်။
ကျွန်တော့်အပေါ် သ၀န်မတိုတော့တာ
ယုံကြည်တာလား၊သူ့ ခံစားချက်တွေ တစ်ခြား
တစ်ယောက်ဆီ ပေးလိုက်တာလား။
သူအမြဲပြောခဲ့ဖူးတဲ့ သစ္စာတရားကို
သူကိုယ်တိုင်မေ့နေတာလား။

ညနေ‌ခြောက်နာရီကျော်တဲ့အထိပြန်မလာသေးဘူး။
noonaနဲ့basketballကစားနေတာလား၊
လျှောက်လည်နေကြတာလား။
ထိုထိုသော အတွေးများနဲ့ ယောက်ယက်ခပ်နေသည့်
ဘတ်ဟျွန်း။

ကားသံကြားတာနဲ့ ဘတ်ဟျွန်း အိမ်ပြင်
ရောက်နေပြီ ဖြစ်သည်။ကားပေါ်ကဆင်းလာတဲ့
ချန်ယောလ် နောက်ထပ်ဆင်းလာတာက noona။

လက်ဖဝါးမှာလည်း ပတ်တီးစည်းထား‌လို့ပါလား။
Ahak လက်မှာ ဒဏ်ရာ ရတဲ့အထိ ဘာတွေလုပ်ခဲ့
ကြလို့လဲ။

ကျွန်တော်ကို စိုက်ကြည့်နေတဲ့သူကို ပြန်စိုက်ကြည့်
ပေးလိုက်သည်။မရှေးမနှောင်းမှာပဲ ကျွန်တော်တို့နား
ရောက်လာကာ ပြုံးပြနေတဲ့ noonaက သိပ်ရုပ်ဆိုးတာပဲ။

"noona မလာစဖူး အိမ်လည်လာတာလား"

"မဟုတ်ပါဘူး chanyeolကို လိုက်ပို့တာပါ"

"chanyeolက အိမ်မပြန်တတ်လို့လား"

ဒီစကားကိုတော့ Chanyeol မျက်ဝန်းထဲထိ
စိုက်ကြည့်မေးလိုက်တာပါ။

"ငါ ကားမမောင်းနှိုင်လို့ noonaက လိုက်ပို့ပေးတာပါ"

chanyeolက သူ့လက်က အနာကို‌မြှောက်ပြရင်း
‌ပြောသည်‌ကြောင့် baekhyunအတွေးထဲမှာ
အမျိုးအမည်မသိတဲ့ အတွေးတွေဝင်ရောက်လာတဲ့အခါ
ဒေါသမီးဟုန်းဟုန်းတောက်လောင်နေသည်။

"chanyeollie noonaသွားပြီနော်
baekhyun noonaသွားပြီ"

နှုက်ဆက်ကာ လှည့်ထွက်သွားတော့မဲ့ noonaကို
ကျွန်တော်က

"ရောက်လက်စနဲ့ တစ်ခါတည်း ထမင်းစားသွားပါလား
ညအိပ်သွားလည်းရတယ်နော်"

အံ့ဩသလို လှည့်ကြည့်လာတဲ့ noonaက
ခဏအကြာ ပြုံးယောင်သမ်းလာပြီး

"အဲလို လုပ်ရမလား"

ကျွန်တော့်စကားကို တစ်ကယ်ထင်သွားတဲ့noonaကို
ဘာပြန်ပြောရမယ်မှန်းမသိတော့။

 Two boys(Z×U)Where stories live. Discover now