Part-3

5.2K 464 13
                                    

baekhyunနားထဲမှာ စကား‌ပြောသံတွေ
ကြားနေပေမဲ့ လူကနိုးလာလိုက်၊ အိပ်ပျော်သွားလိုက်၊ကြားတစ်ချက်၊မကြားတစ်ချက်ဖြစ်နေသည်။

နိုးလာတိုင်း သတိရမိတာက
physicsတွေတွက်ပြီးပြီလား၊ဘယ်အချိန်ရှိြပီလဲ၊သိချင်တာတွေများပေမဲ့လူကမလှုပ်နိုင်ပဲ အိပ်ပျော်သွားရသည်။

"baekhyun ထတော့"

"baekhyun"

"Byun baekhyun!!!"

"ဘယ်သူလဲကွာ လာမနှိုးနဲ့ ငါအိပ်ရေးမ၀သေးဘူး"

"အိပ်ချင်ရင် မင်းအိမ်ရောက်မှ ဆက်အိပ် မြန်မြန်ထ ပြန်မယ်"

မင်းအိမ်!

ဒါငါ့အိမ်မဟုတ်ဘူးလား????

အခုစကား‌ပြောတာဘယ်သူလဲ!

Park Chanyeolလား???

Park Chanyeol!!!

baekhyunဖျတ်ကနဲ မျက်လုံးဖွင့်ကြည့်လိုက်တော့မရင်းနှီးသော မျက်နှာကျက်။

"နိုးရင်လည်း မြန်မြန်ထ"

"မင်း..မင်းဘယ်လိုလုပ်..ဒါ..ဒါဘယ်နေရာလဲ
ငါ့...ငါအင်ကျီရော"

" ကုတင်အောက်မှာရှိတယ်"

"ဘယ်သူချွတ်လိုက်တာလဲ"

"ငါ"

"မင်း..မင်းက ဘာလို့ချွတ်တာလဲ"

"မင်း ဘယ်လိုထင်လဲ"

"မင်း...ငါကို ဟိုဟွာ...မ မဟုတ်ဘူးလား???"

မျက်လုံးမှေးမှေးလေးတွေကို အတင်ပြူးပြဲကာ မေးလေတော့ chanyeólစ ချင်လာမိသည်။

"မင်းက အရမ်းအရသာရှိတာပဲ"

chanyeol လျှာသပ်လိုက်ပြီး မျက်စိတစ်ဖက်ပါမှိတ်ပြလိုက်တော့ baekhyunတစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်း ထသွားရသည်။

"လူယုတ်မာကြီး!!နှာဘူးကြီး..အီးးးးးဟီးးးးးommaရေ သေနာကြီး မသာကြီး
အီးးးးဟီးးး

baekhyun အာခေါင်ခြစ် အော်ငိုလိုက်တော့
chanyeol ပါးစပ်ကို အတင်းအုပ်ကာ

"ရူးနေလား baekhyun မင်းမရှက်ဘူးလား"

"ဘာ!အမလေး...ommaရဲ့ မုဒိန်းကောင်က
သားကိုမရှက်ဘူးလားတဲ့ အီးးးးဟီးးးးအု..အု..အင့်"

 Two boys(Z×U)Where stories live. Discover now