(၂)

20.1K 2K 27
                                    

ပတ်ဝန်းကျင်တစ်ခွင်သည် ပိန်းပိတ်အောင် မှောင်မဲ
လျှက်ရှိနေသည်။မျက်နှာပေါ်ရှိ ဒဏ်ရာများကလည်း အချိန်ကြာလာသည်နှင့် စပ်ဖျင်းဖျင်းဖြစ်လာပြီသာဖြစ်သည်။ အစပိုင်းတွင် အနိုင်ပိုင်းနိုင်သော်လည်း သုံးယောက်တစ်ယောက်ဖြစ်သည်မို့ တဖြည်းဖြည်းလက်ပန်းကျလာ၍မဟန်သည့်အဆုံး သူထွက်ပြေးရတော့သည်။

"ဘယ်တွေရောက်နေတာလဲကွာ"

တစ်ကိုယ်တော်ရေရွတ်ရင်း တစ်ဆစ်ဆစ်ကိုက်နေသည့်ခန္ဓာကိုယ်ကို အားယူကာ မှောင်နဲ့မဲမဲ ပတ်ဝန်းကျင်ကို သဲကွဲစွာမြင်နိုင်ရန်သာ ကြိုးစားနေမိတော့သည်။

သာမန်လူများအတွက် လမ်းကြိုလမ်းကြားအတွင်းမှခွေးအူသံများက ကျောချမ်းစရာကောင်းချင်ကောင်းလိမ့်မည်။ သို့သော်လည်း သူ့အတွက်တော့ အနောက်မှလိုက်လာသည့်ခြေသံဟူ၍မကြားရခြင်းထက် ခွေးအူသံများက ပို၍စိတ်သက်သာရာရစေသည်။ အရိပ်အခြေကြည့်ကာ မီးရောင်ရှိရာဘက်သို့ ခပ်သုတ်သုတ်လျှောက်လာလိုက်တော့ မီးရောင်များနှင့်အတူ တွေ့လိုက်ရသည့် ကုန်းကျော်တံတားကြောင့် သူရောက်နေသည့်နေရာကိုတော့ သိပြီ။ သည်ပုံအတိုင်းဆို အိမ်ရောက်ဖို့ နာရီဝက်လောက် လမ်းလျှောက်ရလိမ့်ဦးမည်မလား။

လမ်းတစ်လျှောက်တွေ့ရသော လမ်းဘေးစျေးသည်များကြောင့်မနက်ကတည်းက အစာမရှိသော အစာအိမ်က အချက်ပေးလာပြန်သည်။ လက်ထဲက ပိုက်ဆံသုံးရွက်ကို ကျစ်ကျစ်ပါအောင်သိမ်းရင်း စားချင်စိတ်တို့ကို မြိုချပစ်လိုက်သည်။

သူပိုက်ဆံစုရမည်။ လာမည့်နှစ် ကျူရှင်ကောင်းကောင်းတက်နိုင်ဖို့အရေး သူပိုက်ဆံစုမှကိုဖြစ်မည်။ ဆယ်တန်းအောင်လျှင် အဝေးသင်တက်ရင်း ငွေရှာမည်။ ရည်ရွယ်ချက်ကတစ်ခုတည်း။ သူတစ်နေ့ ချမ်းသာရမည်ဟူ၍။

"တောက်...ခွေးမသားတွေ။ ကားကို ဘယ်လိုမောင်းနေကြတာလဲကွ ဟမ်"

အတွေးလွန်နေစဉ် အနောက်မှ လိုင်းကားတစ်စီးအရှိန်နှင့်ဖြတ်သွားသဖြင့် သူလန့်ဖြတ်ကာ ဆဲရေးမိလိုက်သည်။

နာရီဝက်နီးပါးလမ်းလျှောက်ပြီးနောက် အိမ်နှင့်နီးသည့်လမ်းမကြီးသို့ရောက်သည်။ သို့သော်လည်း စိတ်ကတော့ သိပ်မဖြောင့်ချင်။ အိမ်ရောက်လျှင် ထိုမိန်းမကြီးနှင့် ဘာတွေပြသနာရှင်းရဦးမလဲမသိတော့လည်းခက်သားလား။

ချည်တိုင် [ Philophobia ]Where stories live. Discover now