(၉)

12.8K 1.5K 162
                                    

အပြင်ဘက်ပတ်ဝန်းကျင်တွင် မိုးကောင်းကင်သည်
အုံ့မှိုင်းလျှက်ရှိနေသည်။ နွေလွန်ကာ မိုးပြောင်းခါနီး
စပ်ကူးလက်ကူးကာလဖြစ်သည်မို့ ရာသီဥတုသည်
မတည်ငြိမ်။ တစ်ခါတရံ ခြစ်ခြစ်တောက်ပူသော်လည်း ရံဖန်ရံခါတွင်တော့ အုံ့မှိုင်းနေလေ့ရှိပြန်​၏။

မြို့ထဲမကျတကျအရပ်ဒေသဖြစ်သည်မို့ ပတ်ဝန်းကျင်တစ်ခွင်ကား သက်ဝင်လှုပ်ရှားနေဆဲ။ ထို့အတူ မိမိတို့အောက်ထပ်သည် လူစည်ကားရာ City Mart ​ဖြစ်သည်မို့ ဝရံတာထွက်လိုက်လျှင်ပင် လှုပ်ရှားသွားလာနေသော လူတစ်စုကို မြင်တွေ့နေရစမြဲ။

ငါးထပ်မြောက် အခန်းလေး​၏ ဝရံတာတွင် အမှီလက်ရန်းအား ခြေထောက်တင်လျှက်၊ ကောင်လေးတစ်ဦး ထိုင်နေလေသည်။ လက်ထဲတွင်တော့ စီးကရက်လိပ်ကလေးက အငွေ့တလူလူဖြင့်။ ကောင်လေး​၏ မျက်လုံးအစုံသည် ရီဝေစွာ၊ အထီးကျန်စွာ၊ ပြီးနောက်နာကျည်းစွာ။ ရာသီဥတုကြောင့် သုန်မှုန်နေခြင်းမျိုးမဟုတ်သည့်တိုင် နဂိုအခံဖြင့် ခံစားချက်မဲ့သော မျက်နှာကလေးက ပြုံးလိုက်လျှင် အတော်လေးကြည့်ကောင်းမည့် ရုပ်ရည်မျိုးပင်။

"ကလင် ကလင်"

ဧည့်ခန်းအတွင်းထားရှိသည့် တစ်လုံးတည်းသော ကြိုးဖုန်းကလေးက အဆက်မပြတ်မြည်နေသည်။ ထိုကောင်လေးကား ဖုန်းသံကို ကြားသည့်ပုံမပေါ်တန်ရာ အတွေးလွန်နေပုံသာရ​၏။

"ကလင် ကလင် ကလင်"

" ကျစ်"

မကျယ်လွန်းလှသည့် ဖုန်းသံကအနှောင့်အယှက်ပေးနေသည့်နှယ် စုတ်တစ်ချက်သပ်ရင်း ဖုန်းဆီလျှောက်သွားလေသည်။

"ဟဲလို"

"ဟဲလို စံလင်းတို့အိမ်ကလားခင်ဗျ။ စံလင်းနဲ့စကားပြောချင်လို့ပါ"

ရင်းနှီးသော အသံပေမို့ ဖုန်းဒိုင်ခွက်တွင် ပေါ်နေသည့် နံပါတ်အား တစ်ချက် လှမ်းကြည့်ရင်း ပြည့်ဖြိုးဟန်ပြုံးလိုက်မိသည်။ အားရစွာ၊ ကျေနပ်စွာဖြင့်ဖန်တီးထားသော ခပ်ယဲ့ယဲ့အပြုံးလေးတစ်ခု။

"သူ နေမကောင်းဘူး။ နိုးရင် ပြန်ဆက်ခိုင်းလိုက်မယ်"

" နေမကောင်းဘူးလား။ ဘာဖြစ်တာလဲ ခင်ဗျ။ ကျွန်တော်က သူ့သူငယ်ချင်းပါ။ စံလင်း အခြေအနေရော ဘယ်လိုလဲ။ စိုးရိမ်ရလားဗျ"

ချည်တိုင် [ Philophobia ]Where stories live. Discover now