(၂၂)

10.5K 1.3K 92
                                    

"ပြည့်ဖြိုး မင်း ဘာလုပ်မှာလဲ"

အချင်းချင်းနားလည်မှုရရှိခဲ့ပြီးနောက် ပင်မအစီအစဉ်အတိုင်း ပြည့်ဖြိုး​၏ မွေးနေ့ပွဲလုပ်ရန် စီစဉ်နေကြခြင်းဖြစ်သည်။ သည်ကနေ့တော့ သူတို့နှစ်ဦးစလုံး ကျောင်းတက်ဖြစ်ကြတော့မည်မဟုတ်ပါ။

" အိမ်မှာပဲလုပ်မယ်။ ငါအပြင်မသွားချင်တော့ဘူး"

"အေး အေး။ နေဦး။ ငါ မင်းကို တစ်ခုခုလုပ်ပေးရမယ်။ ဘာစားချင်လဲ"

အိမ်ပြန်ရောက်ပြီဆိုသည်နှင့် ရေမိုးချိုး အဝတ်အစားလဲကာ ပြည့်ဖြိုးမွေးနေ့အတွက်ဟုဆိုကာသူစီစဉ်နေမိသည်မှာ မွေးနေ့ရှင်မှားလောက်သည်ထိ။

" မင်း မျက်နှာထားကြီး နည်းနည်းလျှော့ပါလား။ တစ်ချိန်လုံး သုန်မှုန်နေတာ။ မသိရင် ငါကပဲ မင်းကို ဖမ်းပြီး အတင်း မွေးနေ့လုပ်ပေးနေရသလိုနဲ့"

စံလင်းစကားကြောင့် ပြည့်ဖြိုးဟန်က မျက်မှောင်ကုတ်​၏။ အတော်အတန်ထူထဲလှသည့် မျက်ခုံးနှစ်ဖက်ပေမို့ အနည်းငယ်မျက်မှောင်ကြုတ်လိုက်လျှင်ပင် သိသိသာသာ မူလရုပ်ပြောင်းသွားတတ်သည်။

"တီတီ"

စားပွဲပေါ်ရှိဖုန်းလေး​၏ တုန်ခါမှုကြောင့် နှစ်ဦးစလုံးဖုန်းဆီအကြည့်ရောက်မိကြတော့ ပြည့်ဖြိုးမျက်နှာ ကွက်ခနဲ။

"အေး လင်းသန့်"

"ဟမ်"

"အေးကွာ။ လာခဲ့မယ်။ ခဏတော့စောင့်"

လင်းသန့်ဉ်ီးဆီမှ ဖုန်းရသဖြင့် မသွားလို့လည်းမဖြစ်သည်မို့ သူ ပြည့်ဖြိုးကို အားနာနေမိသည်။

"ဘာကိစ္စတဲ့လဲ"

"ပြောပြစရာတွေရှိတယ်တဲ့"

"သွားမှာလား"

စံလင်းတစ်ချက်စဉ်းစားနေ​ရသည်။ ကိစ္စအားလုံး​၏ အရင်းအမြစ်သည် လင်းသန့်ဦးဖြစ်သည်ဟု တွက်ဆထားသည်မို့ လာမည့်ဘေး ပြေးတွေ့ရန်သာ ရှိသည်။ ဤအခြေအနေကို ရှောင်ပြေးနေ၍လည်းမဖြစ်ပြန်သည်မလား။

ထို့အတူ တစ်ဖက်ဖုန်းဆီမှ လင်းသန့်ဦး​၏ အခြေအနေကို သူအကဲခတ်မိသလောက် အမှန်ပင် အရေးကြီးနေသည်မှာလည်း ပေါ်လွင်နေပြန်တော့။

ချည်တိုင် [ Philophobia ]Where stories live. Discover now