(၃၈)

9.2K 1K 64
                                    

"စံလင်း အဆင်ပြေရဲ့လား"

နေ့စဉ်လည်ပတ်နေကျစက်ယန္တရားတစ်ခုက ပြန်လည်စတင်နေပြီ။ အသက်မွေးဝမ်းကြောင်းဖို့အတွက် ဤအလုပ်ကလေးကသာ သူနှင့်အသင့်တော်ဆုံး။ ဝါသနာနှင့် အသက်မွေးဝမ်းကြောင်း အလုပ်က တစ်ထပ်တည်းကျနေသည်မို့ စံလင်း အမှန်ပင် ဤအလုပ်ကလေးကို မြတ်နိုး​ပါသည်လေ။

"Inbound team က data တွေခုထိမရသေးဘူးမချို။ သူတို့မပေးသေးတော့ ကျွန်တော်ဘာမှလုပ်လို့မရဘူးဖြစ်နေတာ"

သူ့စကားကြောင့်မချိုက မျက်မှောင်ကုတ်​၏။ အလုပ်မပြီး၍ ဆင်ခြေပေးသည်ဟုထင်နေမည်မှာလည်း အထက်လူကြီိးတိုင်း​၏ ထုံးစံပင်မို့ စံလင်း မရှင်းပြလိုတော့ပေ။

"လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ"

နေ့လယ်ခင်းမှစကာ ခေါ်ဆိုနေသည့်ဖုန်းလေးက ဖုန်းအော်ပရေတာမှအသံကြောင့် စိတ်ထဲထင့်ခနဲဖြစ်သွားရသည်။

"ဘာဖြစ်နေတာလဲကွာ"

ခရီးမှပြန်ရောက်လာပြီးသည့်အချိန်မှ စကာ ပြည့်ဖြိုးဆီမှ အဆက်အသွယ်မရသည်မှာ တစ်ပတ်တင်းတင်းပင်ပြည့်ခဲ့ပြီဖြစ်​သည်။

နေထိုင်နေကျ တိုက်ခန်းလေးသည်လည်း မီးရောင်မရှိ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်ကလေးပင် စက်ပိတ်ထားသည်မို့ စံလင်းလုပ်စရာတစ်ခုသာရှိတော့သည်။ သည်ကနေ့အိမ်ပြန်လျှင် ဦးလေးအိမ်သို့ အကြောင်းပြကာ သွားရန်ပဲရှိတော့သည်မလား။

"စံလင်း စံလင်း"

"ဗျာ။ ဟုတ်ကဲ့ အစ်မ"

"Mail တွေဝင်တယ်။ စစ်လိုက်ဦး"

"ဟုတ်ကဲ့"

အလုပ်ချိန်အတွင်း ဖုန်းသုံးနေသည်ဟု ထင်သွားပုံရသည်။ ဤရုံးတွင် သူသာ အငယ်ဆုံး၊ လုပ်သက်အနုဆုံးဖြစ်သည်။ ပညာအရည်အချင်းအရ နေရာတစ်ခုဖြင့်ဝင်လာရသော်လည်း မိမိနှင့်တန်းတူသာ လစာရနေဆဲဖြစ်သည့် အောက်ခြေမှစသည့် လုပ်သက်ရင့် စီန်ီယာများကတော့ သူ့ကို သိပ်မကြည်ချင်လှ။

"စံလင်းရေ ခေါ်တယ်"

လုပ်လက်စပစ်ချကာ Inbound team မန်နေဂျာအစ်မ ရှိရာသို့ သူအပြေးလေးသွားရပြန်​သည်။

ချည်တိုင် [ Philophobia ]Where stories live. Discover now