ကျေးဇူးတင်လွှာ

8.3K 661 55
                                    

၂၀၂၀ ခုနှစ်ရဲ့ မတ်လ (၂) ရက်နေ့မှာ စတင်ခဲ့တဲ့ ဇာတ်လမ်းလေးက ဒီနေ့ အောက်တိုဘာလ (၂) ရက်နေ့၊ တစ်နည်းပြောရရင် (၇) လတိတိပြည့်တဲ့နေ့မှာပဲ ဇာတ်သိမ်းသွားခဲ့ပါပြီရှင်။ အဆုံးသတ်ကို စာဖတ်သူတို့လည်း သဘောကျမယ်လို့မျှော်လင့်မိပါတယ်။

ခုနှစ်လအတောအတွင်း ပျက်လိုက် ကွက်လိုက်နဲ့ပဲ အဆုံးသတ်နိုင်ခဲ့တဲ့ ဇာတ်လမ်းလေးမှာ အမှားအယွင်း တစ်စုံတစ်ရာရှိခဲ့တယ်ဆိုရင်လည်း နားလည်ပေးကြဖို့ မာန်ကပဲ တောင်းဆိုပါရစေရှင်။

ကြုံကြိုက်လို့ YUFL ကိုရောက်ခဲ့သည်ဖြစ်စေ၊ မြိတ်ကျွန်းစုတွေဆီ အလည်ရောက်ဖြစ်ခဲ့သည်ဖြစ်စေ၊ တစ်နေရာမှာ မှဲ့ကလေးနဲ့ကောင်လေးကိုတွေ့လို့ ဖြစ်စေ၊ ဒါမှမဟုတ် 'ချစ်သူသိစေ' သီချင်းလေးကြားမိလို့ဖြစ်စေ၊ တိုက်ဆိုင်မှုရှိလာလို့ "ချည်တိုင်" ကလေးကို (သို့မဟုတ်) စုန်းနဲ့ပေါင်ပေါင်၊ ဇံထူးနဲ့လင်းသန့်တို့ကို ခဏတစ်ဖြုတ်လေး အမှတ်ရနေမယ်ဆိုရင်ဘဲ ခုနှစ်လစာပင်ပန်းရကျိုးနပ်ရပါပြီ။

အပိုင်း(၁) ကစလို့ အခုအချိန်အထိလက်တွဲမဖြုတ်ဘဲရှိနေပေးခဲ့ကြတဲ့ စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီကို တကယ်ကျေးဇူးတင်မဆုံးပါ။ ခရီးရှည်ကြီးတစ်ခုကို မာန်နဲ့အတူတူ လိုက်ပါစီးမျောပေးကြလို့လည်း တကယ် ကျေနပ်မိပြီး ကျေးဇူးတင်ရပါတယ် ချည်တိုင် အဖွဲ့သားတို့ရေ။

​မခွဲချင်ပေမဲ့လည်း
အခုတော့ နှုတ်ဆက်ပါရစေလား။

ချည်တိုင် မှာ နှုတ်ဆက်ရပေမဲ့
ဟောဒီက မာန် ဆိုတာက
စိတ်ရှိတိုင်းစာရေးနေမှာမလို့
လမ်းကြုံတိုင်း လာခဲ့ပါ။
အမြဲကြိုဆိုနေမှာမလို့
ထပ်တွေ့ချင်ပါသေးတယ်ရှင်🌻

မာန်ကြိုးစားနေပါတယ်။
ကြိုးစားနေတာမို့ ဝေဖန်ပါ၊ ထောက်ပြပါ၊
ပြီးတော့ အသိအမှတ်ပြုပေးစေချင်ပါတယ်ရှင်။

ကျေးဇူးတင်ရပါတယ်၊
ချစ်ရပါတယ် စာဖတ်သူတို့ရေ💛

ချည်တိုင် [ Philophobia ]Where stories live. Discover now