(၆)

13.4K 1.7K 82
                                    

မြန်မာတစ်နိုင်ငံလုံး​၏ ဆယ်တန်းစာမေးပွဲကြီးဖြေဆိုမှု နောက်ဆုံးနေ့ဖြစ်သည်။ ပူပြင်းလှသည့်ရာသီဥတုကိုပင် အံတုကာ၊ သားသမီးဇောပေမလို့ ကျောင်းရှေ့နေရာလွတ်မကျန် ကျောင်းသားမိဘတို့နှင့်ပြည့်နှက်နေ​လေ​၏။ မိမိတို့ သားသမီးများ စာမေးပွဲတွင် ချောချောမွေ့မွေ့ ဖြေဆိုနိုင်ကြရန် ဘုရားရှိခိုးသူခိုး၊ ဘုရားစာရွတ်သူရွတ်၊ ယတြာလုပ်သူလုပ်နှင့် မိဘများခမျာလည်း အားသည်ပင်မရှိကြပေ။

•ဒေါင် ဒေါင် ဒေါင်•

ဖြေဆိုချိန်ပြည့်၍ ကျောင်းမှ ခေါင်းလောင်းသံကြားသည်နှင့် အလျှိုအလျှို ကျောင်းဂိတ်ပေါက်သို့ရောက်လာကြသည့်မိဘများ​။ စိုးရိမ်စိတ်ကိုအံတုကာ သားသမီးများကို အပြုံးနှင့် ဆီးကြိုရန်အသင့်ဖြစ်နေသည်မှာလည်း မိနဲ့ဖပါပဲလေ။

မကြာသောအချိန်ခဏအတွင်းမှာတော့ အခန်းများဆီမှ ကျောင်းသားကျောင်းသူများ ထွက်လာကြသည်။ တစ်ချို့ကတော့ ပြုံးရွှင်လျှက် ဖြေဆိုနိုင်သည့်မျက်နှာကလေးများဖြင့်၊ တစ်ချို့ကတော့ ငိုင်တိုင်တိုင် စသဖြင့်သာ။ ကျောင်းပေါက်ဝတွင် ကိုယ့်သားသမီးကိုယ် ဆွဲ၍ အရိပ်တကြည့်ကြည့် မေးမြန်းပြောဆိုနေကြသည့် မိခင်များကိုကြည့်ရင်း စံလင်းပြုံးနေမိသည်။ မိခင်မေတ္တာ၊ မိဘမေတ္တာဆိုတာ ဤကဲ့သို့ နွေးထွေးလှသည်တဲ့။

"ဟေ့ကောင် ဖြေနိုင်တယ်မလား"

အနောက်မှ ရောက်ချလာကာ ပခုံးလာဖက်လေသော ဇံထူးရယ်ပါ။

"ဒီလိုပါပဲကွာ။ အောင်တော့အောင်ပါတယ်။ မင်းရော"

"D ကွာ။ အေးဆေးပဲ"

"အေးပါ။ မင်းက ဆရာကြီးပဲဟာ"

"သောက်ပိုက ပြောနေ ။ အခုမင်း အိမ်ပြန်မှာလား"

"ခဏပဲ။ အင်္ကျီလဲပြီး အလုပ်သွားရမယ်"

"ဘယ်လဲ။ ဆီဆိုင်လား"

"အေး"

"ဒီနေ့လေးတစ်ရက်ကို၊ နားလိုက်တာမဟုတ်ဘူး
မင်းကလည်း။ စာမေးပွဲ နောက်ဆုံးရက်လေကွာ"

"မရဘူး ဟေ့ကောင်ရေ။ မင်းလည်း သိတဲ့အတိုင်း"

"ငါက မင်းကို ဒီနေ့ငါ့အိမ်ခေါ်သွားမယ်စဉ်းစားထားတာကွ"

ချည်တိုင် [ Philophobia ]Where stories live. Discover now