Philophobia - 5 (ZG)

1.8K 118 4
                                    

စင်္ကာပူ။

အစစအရာရာ တိုးတက်နေသော နိုင်ငံကြီးတစ်နိုင်ငံ။ မြန်မာနိုင်ငံနှင့်မဝေးလှသည့် ဤကျွန်းနိုင်ငံငယ်လေးက မြန်မာနိုင်ငံထက်အဆပေါင်းများစွာ တိုးတက်နေနှင့်ပြီ။

Orchad Road ဟု ထင်ရှားသည့် စင်္ကာပူနိုင်ငံ​၏ အချက်အချာကျလှသော လမ်းမကြီး။ အဆင့်မြင့်တိုက်တာ အဆောက်အအုံတို့နှင့်အတူ ရှော့ပင်းစင်တာမျိုးစုံဖြင့်စည်ကားလှသည့် ဤလမ်းမကြီးပေါ်တွင် လှပသော ကော်ဖီိဆိုင်ကလေးများလည်း တည်ရှိနေ​၏။

"မင်း ဘယ်လိုစီစဉ်ထားလဲ ပြည့်"

"ကျွန်တော် မသော်ကို အားနာနေလို့"

"ဒီထိတောင်ရောက်လာပြီပဲ ပြည့်ရာ။ ပြော။ အစ်မအကုန်ကူညီမယ်။ မင်းကိုကူညီတာကလည်း အစ်မကိုယ်ဘာကိုယ် ကူညီနေသလိုပဲလေကွာ"

အမှန်တော့ မသော်က လင်းသန့်ဦး​၏ အစ်မတစ်ဝမ်းကွဲဖြစ်သည်။ လင်းသန့်နှင့်ကိစ္စတို့ကို အားနာသည်ကတစ်ကြောင်း၊ သူ့ကို ခင်မင်၍တစ်ကြောင်းအစစအရာရာ ကူညီပေးနေရှာသည့် မသော်ရယ်ပါလေ။

စားပွဲပေါ်မှ ကော်ဖီကို တစ်ငုံသောက်ရင်း မသော်က သူ့ကို ခွန်းတုံ့ပြန်သည်။ သူ ဤသို့ ရောက်သည်မှာ ယခုဆိုလျှင် ငါးလတင်းတင်းပြည့်ခဲ့ပြီ။ ယခုတိုင် မိခင်ဖြစ်သူ​၏ တောင်းဆိုချက်များကိုဖြည့်ဆည်းရင်း တစ်ယောက်သောသူကို လွမ်းနေရဆဲ။

"ကျွန်တော် အကြံရလို့ မသော်"

"အင်း။ ပြောကြည့်"

"မြိတ်မှာ မသော်တို့ ဟိုတယ်ရှိတယ်မလား"

"အင်းလေ"

"ကျွန်တော့်ကို အဲ့ဒီမှာ အလုပ်တစ်ခုလောက် ပေးနိုင်မလားမသော်။ မြန်မာနိုင်ငံကိုပြန်ဖို့က ဒီတစ်နည်းပဲရှိတော့လို့ပါ"

သူ့စကားကြောင့် မသော်အံ့ဩသွားပုံပေါ်သည်။ ထို့နောက်နှစ်နှစ်ကာကာ ပြုံးသည်။ ပြီးတော့ သဘောအကျကြီးကျကာရယ်တော့သည်။

"လွမ်းနေပြီပေါ့လေ"

လွမ်းသည်။ နေ့နေညညမဟုတ်သည့်တိုင် အသက်ရှုတိုင်း လွမ်းမောနေရသည့် ကောင်ကလေးက အမိမြန်မာပြည်ကြီးမှာရှိသည်မလား။

ချည်တိုင် [ Philophobia ]Where stories live. Discover now