ရန်ကုန်မြို့ကြီးက သူတို့ငယ်စဉ်ကနှင့်မတူတော့ အရာရာပြောင်းလဲခဲ့လေပြီ။
စံလင်းငယ်စဉ်က ကျောင်းတွင်စားခဲ့ဖူးသည့် ငါးကျပ်တန် သကြားလုံးသည်လည်း ယခုအခါ အကြွေအမ်းသည့် ငါးဆယ်တန်အရာလေးတွေဖြစ်လာကြသည်။ ထိုစဉ်က ကြားခဲ့ဖူးသည့် သီချင်းသံခပ်အေးအေးတို့နေရာတွင်လည်း အမြန်သီဆိုရသည့် ရက်ပ်သီချင်းများက အစားထိုးဝင်ရောက်လာပြီ။ သူတို့တွေပင် အသက်အရွယ်တစ်ခုရောက်လာကြပြီမလား။
"ဘာတွေစဉ်းစားနေတာလဲ စုန်း"
"ဘာမှမဟုတ်ပါဘူး။ ဒီတိုင်း"
ကားမောင်းနေရင်း သူ့ကို သိချင်စွာ မေးမြန်းလာသည့် ပြည့်ဖြိုးဟန်။ သူ့စကားကြောင့် ပြည့်ဖြိုးက မကျေနပ်သည့်ဟန် မျက်မှောင်ကုတ်ပြန်၏။
"အရှေ့ကိုကြည့်"
"အင်း"
ပြည့်ဖြိုးသည်ပင် ယခင်ကလို မှုန်သုန်သုန်ကောင်လေးမဟုတ်တော့သည်ကို သူဝန်ခံပါရဲ့။
ပြန်စဉ်းစားကြည့်လျှင် ခရီးရှည်ကြီးတစ်ခုကို သူတို့ အတူတကွ ဖြတ်သန်းခဲ့ကြရသည်။ နှစ်အတော်ကြာ အတူရှိခဲ့ကြသည့်သံယောဇဉ်က မျက်စိတစ်မှိတ်ကလေးတွင်ပင် ဤမျှ ကြာမြင့်ခဲ့ပြီမှာ ယုံနိုင်စရာပင်မရှိပါလေ။
"မင်းကလေ ကျောင်းတုန်းက တကယ် အမြင်ကပ်ဖို့ကောင်းတာ"
"စလာပြီ"
သူ့စကားကြောင့် ပြည့်ဖြိုးဟန်က ပြုံးကာ ပြောတော့လည်း သူ့ခမျာရယ်ကျဲကျဲလုပ်နေရုံမှအပ။
"ငါလည်း ဂေါက်တာပါ ပေါင်ပေါင်ရာ။ မင်းကိုမှ ကြိုက်မိရတယ်လို့။ ပြန်စဉ်းစားကြည့်ရင် ယုံချင်စရာကိုမရှိတာ။ အဲ့ဒီတုန်းက မင်းငါ့ကို ဘယ်လောက်တောင် အနိုင်ကျင့်ခဲ့လဲ"
ရုတ်တရက် ကားကို ရပ်ကာ သူ့ဘက်လှည့်လာသည့် ပြည့်ဖြိုးဟန်။ ပတ်ဝန်းကျင်အရ ပြည့်ဖြိုးဒေါသကို ဆွမိပြန်ပြီဟု သူခံစားလိုက်ရ၏။
"စုန်း"
"အေး မပြောတော့ဘူး။ မပြောတော့ဘူး။ အဲ့ဒါကြောင့် စိတ်မတိုနဲ့ ဟုတ်ပြီလား"
YOU ARE READING
ချည်တိုင် [ Philophobia ]
Teen FictionNeither love nor be loved........ Art : @CitaminArt❣️