Philophobia - 4

5.6K 665 16
                                    

"အဲ့ဒီိတော့ စံလင်းကို မင်း ချည်းကပ်တာ မှားခဲ့တယ်ဆိုပါတော့"

ဖြစ်ကြောင်းကုန်စင်ကို နားထောင်ပြီးနောက် မသော်က ကော်ဖီတစ်ငုံသောက်ရင်း သူ့ကို မျက်ခုံးပင့်ကာ မေးခွန်းထုတ်လာသည်။

"ဆိုပါတော့ မ ရာ"

အမှန်အတိုင်းဆိုလျှင် စံလင်းနှင့်ဆုံပြီးမှ မိမိကိုယ်ကိုယ် လိင်တူစိတ်ဝင်စားသူဟုသေချာခဲ့ရသည်။ကြုံလာသမျှကိစ္စတိို့ကို ဂျစ်တွန်းရင်း ဘုကလန့်နေနေခဲ့ခြင်းက အခြေအနေတွေကို ဤမျှထိဆိုးရွားသွားစေခဲ့သည်ဆိုပါတော့။

မိမိဖြစ်တည်မှုကို လက်ခံရချိန်တွင် အနားတွင် မည်သူမျှ ရှိမနေခဲ့သည်ကလည်း ကံဆိုးမှုပါပဲ။ သူ အတော်လေး တုန်လှုပ်ခဲ့ရသည့်နှစ်အပိုင်းခြားများပါပဲ။

"ဒီနှစ်ပိုင်းတွေ ဘာလို့ ဖွင့်မပြောခဲ့လဲ"

အမှန်တော့ပြည့်ဖြိုး ကြောက်နေမိခဲ့သည်။ ထိုကောင်လေးအပေါ် ဇံထူး မေတ္တာရှိနေသည်ကိုလည်း သူသိခဲ့သည်လေ။

အချစ်ဆုံးသူငယ်ချင်းနှင့် ပြိုင်လုရလောက်အောင်လည်း သူမရဲတင်းခဲ့။ နောက်တစ်ချက်က ဇံထူး ဆုံးသွားပြီးနောက် ဤအခွင့်အရေးကို ပို၍ပင် မယူသင့်ဟု သူထင်မှတ်မိနေသောကြောင့်ပင်။

"မင်း ပွင့်လင်းသင့်တယ် ပြည့်။ အစ်မ ခုနက အကဲခတ်မိသလောက် စံလင်း မင်းအပေါ် သံယောဇဉ်ရှိတယ်ဆိုတာ သေချာတယ်။ တော်ကြာအစ်မနဲ့ မင်းကို အထင်လွဲနေဦးမယ်"

ပြည့်ဖြိုး ခဏငြိမ်သွားသည်။

သူ့မှာ စံလင်းကို ဖြေရှင်းစရာအဖြေမရှိပါ။ မကြာခင် သိရှိသွားတော့မည့် သူနှင့် မသော်​၏ စေ့စပ်ပွဲကိစ္စ၊ တစ်ချိန်က စံလင်းပြောခဲ့ဖူးသည့် နောင်တရစေရမည်ဟူသော ကျိန်ဆယ်သည့် စကား။

ပိုဆိုးသည်က သူ့ဘဝနှင့်သူပင် ပင်ပန်းနေရှာသည့် ကောင်လေးကို မရေရာသည့်အချိန်အတွက် စောင့်စားနေပေးရန် ပြည့်ဖြိုး မည်ကဲ့သို့ ပြောထွက်နိုင်မည်နည်း။

"ပြည့် အစ်မ မင်းကို ကူညီပေးမယ်"

မသော်ဆီမှ မထင်မှတ်ထားသည့် စကားကိုကြားလိုက်ရ၍ သူ့အပျော်တွေ အတောမသတ်နိုင်တော့။

ချည်တိုင် [ Philophobia ]Where stories live. Discover now