(၈)

12.6K 1.6K 96
                                    

"အောက်အီးအီးအွတ်"

ကြိုကြိုကြားကြားရပ်ကွက်လူနေမှုပုံစံမဟုတ်သည့်တိုင် စျေးနီး၊ ကျောင်းနီး အရပ်ဒေသဖြစ်သည်မို့ မနက်ခင်း ခြောက်နာရီဝန်းကျင်တွင် အနီးအနားဆီမှ ကြက်ဖတို့​၏အော်မြည်သံတို့က တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကို ဟိန်းခနဲကျယ်လောင်စွာဖြင့် နှုတ်ဆက်လာလေသည်။ လမ်းမကြီးဆီမှ လိုင်းကားတချို့နှင့် လူသွားလူလာသံ အချို့ကိုကြားရသည်ကလွဲ၍ အရာရာကတော့တိတ်ဆိတ်လျှက်ရှိနေဆဲသာ။

ကွန်ဒိုတိုက်ခန်းများဖြစ်သည်မို့ စင်္ကြန်တစ်လျှောက် လူသူရှင်းလင်းလို့နေ​၏။ ပြည့်ဖြိုးဟန်​၏ အသစ်ဆက်ဆက် တိုက်ခန်းလေး အဝင်ဝတွင်တော့ အခန်းတံခါးအားမှီကာ ထိုင်လျှက်အနေအထားဖြင့် အိပ်ပျော်နေရှာသော ကောင်လေးတစ်ဦး ရှိနေသည်။

"အောက်အီးအီးအွတ်"

ကြက်တွန်သံခပ်ကျယ်ကျယ်တစ်ချက်ကြောင့်တစ်မျိုး၊ ခြောက်နာရီဆိုလျှင် အိပ်ယာထလေ့ရှိသော မျက်လုံးအကျင့်ကြောင့်တစ်မျိုးဖြင့် စံလင်းမျက်လုံးအစုံက ဖျက်ခနဲပွင့်လာခဲ့သည်။

"ဝါး"

ယမန်နေ့ညက ဖခင်ဖြစ်သူရှိရာ ဆေးရုံသို့လိုက်သွားခဲ့သော်လည်း မတွေ့ဖြစ်ခဲ့၊ ဆေးရုံပြောင်းသွားပြီဟု သိခဲ့ရရုံကလွဲ၍ မည်သည့်နည်းလမ်းမျိုးဖြင့်ပင် အဆက်အသွယ်မရခဲ့သဖြင့်အိမ်သို့ပြန်လာခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ပြန်ရောက်သည့်အချိန်ကား မနက် တစ်နာရီမျှပင်ရှိတော့မည်မို့ အားနာစွာ တံခါးအား တစ်ချက်နှစ်ချက်ခေါက်၍ ဆက်မခေါက်ဖြစ်ခဲ့။ ဤအချဉ်းအရာများကြောင့် စံလင်း ယခုကဲ့သို့ တိုက်ခန်းအရှေ့လေးတွင် အိပ်ပျော်သွားခဲ့ခြင်းဖြစ်လေတော့သည်။

မျက်လုံးပွင့်သည်နှင့် ဘေးဘီကိုကြည့်မိတော့ အလင်းရောင်ရနေပြီဖြစ်သည်မို့ ပြည့်ဖြိုးဟန်လည်းနိုးလောက်ပြီထင်သည်။ ခြောက်နာရီဟူသော အချိန်ကား သာမန်ကျောင်းတက်ချိန်ပင်ဖြစ်သည်မို့ စံလင်း တံခါးခေါက်ကြည့်မိသည်။

ဒေါက်ဒေါက်ဒေါက်"

"ဒေါက်ဒေါက်ဒေါက်ဒေါက်"

ချည်တိုင် [ Philophobia ]Where stories live. Discover now