[ 1 ]

7.6K 708 85
                                    

#U

**Park Jimin!!ထတော့ လို့.... **

တချို့သူတွေကတော့ မနက်ခင်းကို
Good Morning နဲ့ အစပြု ရ ‌သော် လည်း
Park Jiminတစ်ယောက်ကတော့
သူ့အစ်ကိုဝမ်းကွဲ Seokjinရဲ့ ဖင်ကန်နှိုးခြင်းနဲ့သာ
အစပြုပါသည်။

ဒါဟာ မနက်စောစော အပြင်သွားစရာရှိတဲ့နေ့တိုင်း
ဖြစ်နေကျ ဖြစ်ရပ်ပါပဲ ။

**မင်း မထဘူးဆို တစ်ယောက်ထဲထားသွားတော့မှာ တစ်ယောက်ထဲနေချင်လည်းနေခဲ့ မကြောက်ဘူးမလား Hyung ဆိုင်သွားပြီနော် **

**ဟင့်အင်း No!! ထပြီ ထပြီ ကျွန်တော် မနေခဲ့ဘူး လိုက်မှာ**

** လိုက်မယ်ဆို မြန်မြန်လုပ် ဆိုင်မှာ စားဖိုမှုး အသစ်ထပ်ခေါ်ဖို့ interview က hyung ရှိမှရမှာ **

မြန်မြန်ဆန်ဆန်ပဲ
Park Jiminရဲ့နှုန်းအတိုင်းအရ မြန်မြန်ဆန်ဆန်ဆိုတဲ့
အရှိန်နှုန်းနှင့် ထကာ မျက်နှာသစ်အဝတ်အစားလဲပြီးထွက်လာတော့
မနက်ကိုးနာရီထိုးနေပြီဖြစ်သည်။

**မနက်စာလာစား **

အခန်းထဲကထွက်လာတဲ့ Jiminကို
လှမ်းခေါ်ရသည်။

Park Jiminတို့မနက်ခုနစ်နာရီမှာစနှိုးမှ
ကိုးနာရီမှာ အဆင်သင့်ဖြစ်တာမျိုး။

ပေါင်မုန့်တစ်ခု ကို လက်ကကိုင်ရင်း
မီးဖိုချောင် ကပြန်ထွက်သွားပြန်တဲ့ Jimin

**ဘယ်သွားမလို့လဲ **

**ခဏပဲ Hyung ခဏပဲ**

**ဘယ်လဲလို့ သွားရတော့မှာဆို**

**Yoongi ဆီ... သွားနှိုးမလို့ သူလည်းဒီအချိန်မထလောက်သေးဘူး ကျွန်တော် ရှားရှားပါးပါးမနက် စောစောစီးစီး နိုးတာ ဒီလိုအခွင့်အရေးလက်လွှတ်ခံလို့မဖြစ် ဟားဟား ဟား  Hee hee**

လူယုတ်မာ အပြုံးကြီးနဲ့ထွက်သွားတဲ့ Park Jimin
ပြီးရင်သူပဲ ငိုယိုပြီးပြန်လာဦးမယ်
နိုင်တာလည်းမဟုတ်ပဲ သွားစပြန်ပြီ။

**ပြီးရင် ဟိုက ဆော်လွှတ်ရင် နှုတ်ခမ်းဆူမလာနဲ့နော်**

တံခါးပိတ်သံ သာအဖြေအဖြစ်ပြန်ရသည်။

Seokjinတို့နေတဲ့အိမ်ရာက အဆင့်မြင့်အိမ်ရာမို့
အထပ်တစ်လွှာတွင် တိုက်ခန်းနှစ်ခန်းသာရှိသည်။
သူတို့နေတဲ့အထပ်တွင်က တစ်ခန်းက
သူနဲ့Jimin နဲ့နေပြီး မျက်နှာချင်းဆိုင် အခန်းမှာက
Jiminရဲ့ သူငယ်ချင်း Yoongi ဆိုတဲ့တစ်ယောက်နေတာဖြစ်သည်။

One Bite of  Food Blogger Boyfriends [ YM & NJ ] ✅Where stories live. Discover now