[ 8 ]edited

4.3K 581 83
                                    

#U

**Jimin!! ဖုန်းလာနေတယ် ကြားလား **

**ကြားတယ် Hyung... အရေးမကြီးဘူး ထားလိုက် **

အချိန်မရှိပါဘူးဆို
ဖုန်းကလာနေသေးတာကတမျိုး ။

ဟိုတစ်ယောက်ကလည်း ဖုန်းမကိုင်ဘူး
ဘာမှန်းမသိဘူး... ။

တော်ပြီ ထားတော့
မြန်မြန်ပြန်ထားလိုက်တော့မယ်.... ။

စုံထောက်အကျော်အမော်ကြီးPark သည်
contact nameက ph.noကိုတချက်မှပင်
မကြည့်ဘဲ ပြာယာခတ်ရင်း 
Yoongiဖုန်းကိုပြန်ထားလိုက်ရလေတော့သည်။

^^
သေစမ်း !
အရမ်းစိတ်လှုပ်ရှားနေလို့
အဲ့တစ်ယောက်ရဲ့ဖုန်းနံပါတ်တောင်
သေချာမကြည့်မိဘူး။

စိတ်လောပြီး မခေါ်ကြည့်ခင်
အရင်မှတ်ထားလိုက်ရမှာလေ Park Jimin ရေ
တော်တော်တုံးတဲ့ ငါကွာ...။

ခဏအကြာ Yoongi ပြန်ရောက်လာသည့်အခါ
နောက်ထပ်လူတစ်ယောက်ပါ အပိုပါ လာသည်။

**သြော် Namjoon hyungပဲ ဘာလာလုပ်တာလဲ **

**အလည်လာတာလေ Jiminရဲ့ **

**လာနိုင်လွန်းတယ်နော် နေ့ရောညရော **

Jiminရဲ့သိနေတယ် ဆိုသော အကြည့် တွေကို
မသိချင်ယောင်ဆောင် ကာ ပြုံးပြပြီး
မီးဖိုထဲပြေးဝင်သွားတော့သည်။

**Seokjin Hyung ကျွန်တော်ရောက်ပြီ **

**အင်း... ညနေစာ ရော**

**မစားရသေးဘူး **

**တူတူစားသွားမလား**

** ဟုတ်.. ကျွန်တော်ဘာကူပေးရမလဲ  **

**ရတယ် ရတယ် **

အရှေ့ပြန်လည်းမသွားဘဲ အနားမှာပဲရပ်နေတဲ့
Namjoon ကြောင့်
Seokjinမှာ မကွဲတတ်တဲ့ ဇွန်းနဲ့ တူပဲ တခါပြန်ဆေးဖို့
ခိုင်းလိုက်ရသည်။

Seokjin ခိုင်းတာ ကြားသည်နှင့်
ပျော်ရွှင်ကာ ဘေစင် နား ရောက်သွားတဲ့Namjoon

တူလေးစုံ ဆေးအပြီး ထုံးစံအတိုင်းပင်
တခုခုကို  တိုက်မိတော့သည်။

ဘေစင်နားတွင်ထားမိသော
Jimin၏ အနက်ရောင်ဖုန်းပြားလေးသည်
ဖျက်ခနဲ ဘေစင်ထဲပြုတ်ကျသွားခြင်းဖြစ်သည်။

One Bite of  Food Blogger Boyfriends [ YM & NJ ] ✅Nơi câu chuyện tồn tại. Hãy khám phá bây giờ