[ 7 ]

4.1K 548 106
                                    

#U

**Yoongi က ဘယ်သူ့ကို ချစ်တာလဲ???**

ဒီတစ်ခါတော့ ငါးမျှားတံ လွှတ်ချမိမလိုဖြစ်သွား သူက Yoongi ပင်။

ဘယ်လိုပြန်ဖြေရမလဲ Seokjin  Hyung ကို
အားကိုးတကြီး ကြည့်မိတော့
သူကလည်း အူတူတူ ပြန်ကြည့်နေသည်။

တိတ်ဆိတ်နေတဲ့အခြေအနေကို
ဖြိုခွင်းလိုက်သည်က
Namjoon ရဲ့ စကားသံ ။

**ဘာတွေပြောနေကြတာလဲ **

တစ်ဆက်တည်းလိုက်ပါလာသည်က

ဒုန်းခနဲ အသံရယ် ဝေါ ခနဲ ရေမှောက်ကျသံရယ်....

Seokjin ရဲ့ ဖမ်းမိထားသော ငါးတွေထည့်ထားတဲ့
ရေပုံးကြီးကို တိုက်ချပစ်လိုက်ခြင်း ဖြစ်သည်။

**Yahhh.. Kim Namjoonn!!!**

**oh.. တောင်းပန်တယ် Hyung မတော်တဆ. ..  တစ်ကယ်မတော်တဆဖြစ်သွားတာ**

မြေပြင်ပေါ်ရှိ ငါးတွေက ဖလပ် ဖလပ် ထခုန်ပြသည်မှာ သူ့ရဲ့တောင်းပန်စကားကို ထောက်ခံနေသည့်အလား.. ။

Kim Namjoonတစ်ယောက် သွားဖြဲပြနေတုန်း
ငါးတွေကတော့ လက်ပြမနှုတ်ဆက်ပဲ
ရေကန်ထဲပျော်ပျော်ကြီး ပြန်ဆင်းသွားကြလေပြီ။

ထိုသို့ ဝရုန်းသုန်းကား ဖြစ်ပြီးနောက်
Seokjinတို့လည်း ငါးဆက်မဖမ်းတော့ဘဲ
သစ်ပင်အောက်တွင်သာ ခဏထိုင်
ညနေစောင်းတော့ ပြန်လာခဲ့ကြသည်။

ညမအိပ်ဖြစ်သည်က
Yoongiနှင့် Namjoon က
အလုပ်ရှိသေးသောကြောင့်ဖြစ်သည်။

သူတို့နှစ်ယောက်ကို companyဝင်ပို့ခဲ့ပြီး
Jiminနှင့် Seokjin သာအိမ်ပြန်လာခဲ့ကြသည်။

အိမ်ရောက်ရောက်ချင်း Seokjin က
အခန်းထဲတန်းဝင်သွားတာကြောင့်
Jiminမှာ ဘာမှပြောဖို့အချိန်မရလိုက်။

Yoongiက သဘောကျ တဲ့သူရှိနေပြီလား???? ။
အဲ့ဒါကိုလည်း Seokjin Hyungကသိနေပြီးသားလား???။
ဘာများလဲ တခုခုတော့ တခုခုပဲ .. ။
ဘာလို့လဲတော့ မသိဘူး စိတ်တိုတယ်။

အမြဲတမ်းအတွက် မှန်ကန်တယ်လို့
ယုံကြည် ထားတဲ့ မှန်ကန်ချက်တခုက မမှန်တော့ဘူးလို့ သိလိုက်ရ‌တော့ ဝမ်းနည်းသွား သလိုမျိုး.... ။

One Bite of  Food Blogger Boyfriends [ YM & NJ ] ✅Where stories live. Discover now