[16]

4K 538 80
                                    

#U

Jiminနှင့် Yoongi တို့
Busan ရောက်လာချိန်မှာ
Seokjnရဲ့ အလုပ်ကိစ္စ က ပြီးပြတ်သွားပြီဖြစ်သည်။

အစကတော့
Seokjin က သူ့အဒေါ်ဖြစ်သူJimin ommaအိမ်မှာနေပြီး
Namjoon က hotel မှာ နေရသည်ကို
မကျေနပ် ကျေနပ်နှင့် လက်ခံရပေမဲ့
Yoongi တို့ရောက်လာသောအခါ
Yoongi ကျတော့ Jimin အိမ်မှာတည်းရပြီး
သူကျတော့ hotelမှာတစ်ယောက်ထဲနေရလို့
ဆိုကာ သူ့ ချစ်သူကို
အကြီးကြီးစိတ်ကောက်တော့သည်။

ဒါပေမယ့်လည်း လေပြေလေးနဲ့ပဲ ချော့ ရတာပေါ့
တွဲတာမကြာသေးတဲ့ အသစ်စက်စက် ရည်းစား ကို အ‌ဒေါ် အိမ်ကို မျက်နှာပြောင်ပြောင်နှင့် ခေါ်လာဖို့
Kim Seokjin တို့ သတ္တိ မရှိသေးပါ။

**Namjoonine ကလည်း.. စိတ်မဆိုးပါနဲ့... Yoongiကကျတော့ မတူဘူးလေ သူတို့အရင်ထဲက သူငယ်ချင်းတွေလေ**

** ဒါဆိုလည်း ကျွန်တော်လည်း သူငယ်ချင်းလို့ပေရင်ရတာပဲ မမှန်တာလည်းမဟုတ်ဘူးလေ... သူငယ်ချင်းအသစ်လို့ပြောပေါ့**

**မရဘူး မရဘူး... မင်းမသိလို့ ငါ့အမေရော... အဒေါ်ရော က. စည်းကမ်းကြီးတယ်.... သူငယ်ချင်းတောင် သူတို့သိတဲ့သူမှ ပေါင်းရတာမျိုး... အာ့‌ေကြာင့်Jiminနဲ့ငါက  သူငယ်ချင်းနည်းပြီး ညီအစ်ပိုချင်း ရင်းနှီးကြတာပေါ့**

**မသိဘူး...တစ်ယောက်ထဲမနေချင်ဘူး**

ငါကောင်းကောင်းပြောပြနေတယ်လေ နော်
ကြက်ကြော်စားတာ ကို လာရစ်နေတဲ့ဒီကောင်တော့
စိတ်တိုလာပြီ။

**Yah!! Kim Namjoon .. ငါ့ကိုလာရစ်မနေနဲ့တော့...စိတ်တိုလာပြီ ကြက်ကြော်လည်းကောင်းကောင်းမစားရဘူး...ငါ့ကြက်ကြော်လေးတွေအေးကုန်တော့မှာပဲ ပြီးတော့  သေချာမဝါးရလို့ ငါအစာမကြေဖြစ်ရင်.... မင်းကို သတ်ပစ်မယ်!!**

**ပြီးတော့လည်းအိမ်လိုက်နေချင်ရင် မင်းYoongi လိုအဖြစ်ရှိ ပါလား.... ဟိုက Yoongi က Jiminနဲ့ စသိတည်းက အိမ်ကိုခဏခဏ လိုက်လာ.... လက်ဆောင်တွေအမြဲပါ... လူကြီးတွေသဘောကျအောင်နေ    Jiminရဲ့ ကျောင်းက Project တွေလည်း အမြဲလိုက်ကူပေး နေတာ လူကြီးတွေ သိ... လူကြီးတွေရှေ့ Jimin ကိုလည်းမတရားအလိုလိုက်ပြထားလို့  ဒေါ်လေးရော ဦးလေးရော..... Jiminညီ Park Jihyun ပါမကျန် သူ့ကို သဘောကျပြီးသား **

One Bite of  Food Blogger Boyfriends [ YM & NJ ] ✅Kde žijí příběhy. Začni objevovat