[12]

4.1K 601 95
                                    

#U

Jiminကိုအိပ်ပျော်အောင်သိပ်ပြီး
ဧည့်ခန်းထဲကို Yoongi ပြန်ထွက်လာခဲ့တော့
မျက်နှာ စူပုတ်ပြီးထိုင်နေတဲ့ Seokjin Hyungကို
တွေရသည်။
ဒီhyung တစ်ယောက်ကတော့
ဘာလို့ဒီလောက် ကောက်ချိတ်နေလဲ
မဟုတ်မှန်းလည်းသိသားနဲ့....
မုန့်စားချင်လို့ ဥာဏ်ဆင်နေမှန်းသိသာလိုက်တာ....

သူ့မျက်လုံးထဲမှာတော့
စိတ်ကောက်ရင် ချစ်ဖို့ကောင်းတာ
Park Jiminတစ်ယောက်ပဲ ရှိတာ ....

ဒေါသထွက် လို့
ဒေါသတကြီးအော်ဟစ်နေရင်တောင်
အဲ့ပုံစံလေး ကိုကြည့် အသည်းယားပြီး
အော်ခံရတဲ့သူက ပြန်မပြောနိုင်တဲ့အထိ
ချစ်စရာကောင်းလွန်းတတ်တာ
Park Jiminineတစ်ယောက်ပဲ ရှိတယ်... ။

**Yoongi hyung ခဏလာပြီး ကျွန်တော့်ကို ကူရှင်းပေးပါဦး**

**ငါ မအားဘူး ဆန်ပြုတ် ကျိုမလို့ **

Yoongiတခွန်းပဲပြောကာ လှည့်ထွက်သွားဖို့ပြင်ပြီးမှ
မနေနိုင်တာမို့ ပြောမိပြန်သည်။

**Seokjin hyung မဟုတ်ဘူးဆိုတာသိတယ်မလား ရစ်မနေနဲ့တော့ နှုတ်ခမ်းဆူပြီးလည်းစိတ်ကောက်မနေနဲ့ Jiminineလို လည်း ချစ်ဖို့မကောင်းပဲ **

**Yahh!! Min Yoongi !!!**

Yoongiကတော့ ‌ကျော ခိုင်းရင်း မီးဖိုချောင်ထဲဝင်သွားပြီ... ။
သူတစ်ကယ်မအားသေးဘူး ။
Jiminအတွက် ကြက်စွပ်ပြုတ်လေးလည်း
လုပ်ပေးရဦးမယ်။

သူ့ကိုစိတ်ကောက်နေရင်းကနေ
Yoongi hyungနှင့်လှမ်းရန်ဖြစ်နေသော
Seokjin hyungက
တစ်ကယ်ကလေးဆန်သည်။
Namjoonကတော့ ချစ်ဖို့ကောင်းတယ်လို့ထင်ပါတယ်။

တကယ်တော့ ဒီသတင်းစထွက်လာသည်က
Namjoonရဲ့ fanတွေဆီက စတင်သည်။

Namjoonရဲ့ နောက်ဆုံးထွက်album မှာပါဝင်တဲ့သီချင်းတွေတော်တော်များများကို
Yoongi hyungကရေးပေးထားပြီး
တခြားကျန်တဲ့အပုဒ်တွေ က Namjoonကိုယ်တိုင်ရေးထားတာဖြစ်လေတော့
Album တခုလုံးမှာ သူတို့နှစ်ယောက်ပဲရေးတဲ့သီချင်းတွေပဲဖြစ်သွားသည်။

ဒါကို သံသယ ဝင်နေတဲ့ fan တွေကတစ်မျိုး...

Yoongi hyung အိမ်နားမှာ ခဏခဏတွေ့ပါသည်ဆိုတဲ့ fanတွေ တစ်ဖုံ.....

One Bite of  Food Blogger Boyfriends [ YM & NJ ] ✅Tempat cerita menjadi hidup. Temukan sekarang