[ 2 ]

5.2K 644 84
                                    

#U

ပန်းကန်လုံးသန့်သန့်လေးတစ်ခုယူ
ဒိန်ချဥ်ငါးဇွန်းထည့်
ပျားရည် အသင့်တင့်ထည့်
ဇွန်းလေးနဲ့မွှေ ......

ကျွန်တော်ဘာလုပ်နေတာလဲလား
မျက်နှာပေါင်းတင်ဖို့လုပ်နေတာပေါ့
ဆောင်းတွင်းဆိုအသားအရေခြောက်တတ်တယ်လေ။

ဒိန်ချဥ်နဲပျားရည်က အသားပတ်တာပျောက်တယ်ဆိုလို့
Yoongi အတွက်လုပ်ပေးနေတာပါ
သူ အသားပတ်နေတယ်ဆိုလား
ဒါပေမဲ့ သူက ကိုယ့်ကိုကိုယ်သိပ်ဂရုမစိုက်တတ်တဲ့သူဆိုတော့
ကျွန်တော်Jiminလေးက သူ့ရဲ့ တစ်ဦးတည်းသော သူငယ်ချင်း ဖြစ်တာနှင့်အညီ သူ့အစားဂရုစိုက်ပေးရတာပေါ့ဗျာ.. ။

ရပြီ ရေခဲသေတ္တာ ထဲ ခဏထည့်ထားပြီး
Yoongiကို သွားရှာလိုက်ဦးမယ်။

မီးဖိုခန်းထဲက သူထွက်လာရုံရှိသေး
ဧည့်ခန်း TVရှေ့ စားပွဲမှာတင်ထားတဲ့ ဖုန်းက
မြည်လာတာမို့ သွားကိုင်တော့ ခေါ်ဆိုသူက Yoongi

** hello .... Yoongi ဘယ်မှာလဲ ခုပဲလာရှာမလို့ပဲ**

**company မှာ သီချင်းသွားပေးတာ ခုပြန်လာတော့မလို့ ဘာဝယ်ခဲ့ရမလဲ **

**company ဘေးနားကလမ်းထဲက တော့ပိုကီ **

**အင်း ဝယ်ခဲ့မယ်**

**ကောင်းကောင်းပြန်လာခဲ့နော်**

ပြန်တောင်မဖြေဘဲ ဖုန်းချပစ်လိုက်တဲ့Yoongi ။
Jiminအတွက်ကဒါမျိုးတွေရိုးနေပြီးသား။

Yoongiဆိုတာ
စကားကောင်းကောင်းပြန်ပြောတာမျိုးလုပ်ချင်မှ
လုပ်လိမ့်မယ်.... ဒါပေမဲ့ သူအပြင်သွားတဲ့အခါတိုင်း
ဘာဝယ်ခဲ့ရမလဲ သတိတရလှမ်းမေးတတ်တာမျိုး....

အဲ့လို ဂရုစိုက်တတ်တဲ့သူမျိုးမို့ ....

ငါကိုယ်တော်မြတ် ခွင့်လွှတ်တော်မူတယ်...
မုန့်သာ ဝယ်ခဲ့ပေး အဟေးဟေး.. ။

တစ်နာရီလောက်ကြာတော့
အိမ်တံခါးဖွင့်သံကြားရသည်။
Yoongiရောက်လာပြီနဲ့တူတယ်။

ကြာလိုက်တာ
ဒီ delivery ကောင်လေးကို five starမပေးဘဲနေမှ..
ဟီးဟီး Yoongiသာ သိရင် အဆဲခံရဦးမယ်။
ဆဲခံရတာအရေးမကြီး.. ပါလာတဲ့မုန့်တွေမပေးဘဲ
လှည့်ပြန်သွားရင်တော့မဖြစ်။

One Bite of  Food Blogger Boyfriends [ YM & NJ ] ✅Onde as histórias ganham vida. Descobre agora