[ 3 ]

4.9K 634 86
                                    


#U

နောက်တစ်နေ့မနက်ခင်း Jiminနိုးလာတော့
နေတောင်အတော်မြင့်နေပြီ။

ဖင်ကန်ပြီးနိုးမယ့်သူမရှိတာကောင်းလိုက်တာနော်။

Yoongiကတော့ နိုးနေပြီထင်ရဲ့...
အိပ်ခန်းထဲမှာမရှိတော့။

မျက်နှာသစ်ပြီးအခန်းအပြင်ထွက်လာသည်နှင့်
Yoongiက လှမ်းခေါ်သည်။

**Jimin မနက်စာလာစား**

**ဟုတ်**

Jimin တစ်ယောက်Yoongi ဘေးနားသွားထိုင်
အသင့်ပြင်ပေးထားတဲ့ဘီစကစ်ကို နွားနို့ နှင့်တို့ကာ တို့ကာစားရင်း
နေ့လည်စာဘာစားရမလဲ စဥ်းစားနေမိသည်။

စားလို့ပြီးတော့ နှစ်ယောက်သား
ဧည့်ခန်းထဲတွင် Gameဆော့ကြသည်။

သုံးပွဲတောင်မပြည့်ခင်
ရှုးညစ်ညစ်နေသော Jiminကြောင့် ရန်ပွဲဖြင့်သာအဆုံးသတ်သည်။

Park Jiminကလည်း အသေငြင်းသလို
Min Yoongiကလည်း တစ်စက်မှအရှုံးမပေးဘဲ
Jiminကို စနေသည်ကိုး။

**တော်ပြီ မဆော့တော့ဘူး**

**Jiminineက ညစ်လိုက်တာ **

**ဘာမှမဟုတ်ဘူး... ဒီအတိုင်း. ကျွန်တော် မဆော့ချင်တော့လို့ပါနော်... ဟွန့်.. ဘာမှလဲမသိဘဲ**

**ဟားဟား ဟား.. အေးပါကွာ**

**မသိဘူး ကျွန်တော်ရှုံးလို့ Yoongi နေ့လည်စာလိုက်ကျွေး**

သိပ်မဆိုင်သလိုပဲနော်
ထားပါလေ မဟုတ်လည်း ဝယ်ကျွေးနေရတာပဲ ။

**Yoongiကို မျက်နှာပေါင်းတင်ပေးဖို့လုပ်ထားတာမနေ့က မုန့်စားနေတာနဲ့မေ့သွားရော ခုလုပ်ပေးမယ်လေ အားတယ်မလား**

**အင်း**

**ဒါပေမဲ့ .. ပြင်ထားတဲ့ဟာက ဟိုဘက်အိမ်မှာ ကျန်ခဲ့ပြီ သွားယူလိုက်ဦးမယ်ခဏလေး.. **

**ဒိန်ချဥ်လေး ငါ့ရဲ့ဒိန်ချဥ်လေး Jiminine လာပါပြီ**

Yoongi တားမလို့ပြင်ပေမဲ့
စိတ်မြန်လက်မြန် နဲ့ Jiminက ထထွက်သွားပြီမို့
ထားလိုက်တော့သည်။

အဲ့ဘက်အိမ်သွားပြီး Seokjin hyungနဲ့
ပြန်ခေါ်သွားရင် Jiminine ကသူ့အိမ်မှာ
မနေတော့ဘူးလား။

One Bite of  Food Blogger Boyfriends [ YM & NJ ] ✅Where stories live. Discover now