[ 6 ]

4.4K 575 106
                                    


#U

အိပ်ခန်းထဲမှ အမြန်အဆန်ထွက်လာသော Seokjin ..

ပါးစပ်ကလည်း သွားပြီ သွားပြီ နောက်ကျပြီ   တတွတ်တွတ် ရေရွတ်လျက်

သူမနက်အိပ်ရာနိုးလို့ အချိန်ကြည့်လိုက်တော့
နာရီလက်တံ  ကိုးနာရီ ကို တစွန်းတစ ကျော်လွန်နေခဲ့ပြီ။
သူရယ် Jiminရယ် Yoongi ရယ် ပျော်ပွဲစားထွက်ဖို့
ချိန်းဆိုထားခဲ့သည့်အချိန်က လွန်ခဲ့သော နှစ်နာရီက ကျော်လွန်သွားခဲ့ပြီးသော မနက်ခုနစ်နာရီ ဖြစ်သည်။

သွားတိုက် ကိုယ်လက်သန့်စင်ပြီးပြီးချင်းပင်
Jiminတို့ ရှိနေသေးလား ကြည့်ရန်
ထွက်လာခဲ့တော့
ဧည့်ခန်းက sofaတွင် ပျင်းရိပျင်းတွဲ ထိုင်နေသော Yoongi ကို မြင်လိုက်ရတော့
Seokjin တစ်ယောက် လုံးဝ Touch ဖြစ်သွားသည်။
တစ်ကယ့်ကို ငါညီလေးတွေက ဒီhyungကို
ပစ်မသွားဘူးပဲ ။

**Yoongi ခဏလေးနော် Hyung အဝတ်အစားလဲပြီး မြန်မြန် ပြန်ထွက်လာခဲ့မယ် **

**ရပါတယ် အေးဆေးလုပ်**

**ဘယ်ဟုတ်မလဲ Hyungကိုခုချိန်ထိစောင့်နေရတာ အားနာတယ်ကွာ**

**Hyung ကိုမစောင့်ပါဘူး**

**ဟမ်**

**Jimin ကို စောင့်နေတာ ဆံပင်လေးတစ်ချက်သပ်ပြီး ပြန်ထွက်လာမယ် ပြောသွားတာ တစ်နာရီကျော်နေပြီ သွားကြည့်လိုက်ဦးမယ်နော် Hyungလည်းသွားလဲလေ**

သူ့ကို ပြောပြီးသည်နှင့်
ပျင်းရိနေသည့် ပုံဖြင့်ပင် Jimin အခန်းဘက်သို့ထွက်သွားသည့် Yoongi ..

**အေးအေး **

Seokjin အဝတ်အစား လဲပြီး
စားဖို့သောက်ဖို့ပြင်ထားတဲ့ မုန့်တွေရေခဲသေတ္တာ ထဲကသွားထုတ်လာကာ စောင့်နေလိုက်သည်။
အခန်းထဲမှာ သတ်ပွဲတွေဖြစ်နေပြီလား
သွားချောင်စဖို့လုပ်နေစဥ်
Yoongi နဲ့ Jimin တို့ ထွက်လာသည်။
ပြုံးရယ် နေတဲ့ Jimin ပုံအရ
Yoongi က စိတ်တိုပြီး ပြောဆိုထားပုံမရှိ။
အဲ့လိုပါပဲ လူပုစိတ်တို Min Yoongi ရဲ့ စိတ်မရှည်မှု
တွေ က Park Jiminနဲ့ ဆို လုံးဝပျောက်ကွယ်သွားတာမျိုး..... ။

ရှေ့ဆံပင်တိုတို နဖူးအုပ်အောင် ချထားပြီး
တီရှပ်အဝါနုလေးကို
တစ်ဆက်တည်း ဂျင်း ဝတ်စုံလေး နဲ့တွဲဖက် ဝတ်ဆင်ထားတဲ့ Jiminရဲ့ fashion  ဟာဆိုရင်ဖြင့်
ကျောပိုးအိတ် အဝါရောင်လေး
ထပ်ဆောင်းပေးလွယ်လိုက်ရင်
မူကြိုကျောင်းတန်းပို့လို့ ရသည့် အနေအထား ။

One Bite of  Food Blogger Boyfriends [ YM & NJ ] ✅Where stories live. Discover now