[19]

3.7K 496 102
                                    

#U

ချစ်သူဖြစ်တဲ့ ပထမဆုံးရက်ကစလို့
ခွဲပြီး နေရတာ ကြောင့် မပျော်တဲ့ Jiminဟာ
နောက်တစ်နေ့မှာလည်း အစောကြီးထပြီး
ကော်ဖီဆိုင်သွားရပြန်ပါတယ်
မန်နေဂျာက အစောကြီးရောက်နေသင့်တယ်မလား.။

ခုတော့ အလုပ်ပထမဆုံးသွားတဲ့ရက်မှာ
Yoongi နဲ့အတူရှိပြီး Yoongi ကလိုက်ပို့ပေးရင်
အရမ်းကောင်းမှာပဲနော် ဆိုပြီး
သူ့ချစ်သူကိုဖုန်းဆက်ကာ ချွဲနေလေရဲ့...

**ကျွန်တော့်ရဲ့ ပထမဆုံး အလုပ်ဆင်းတဲ့ရက်မှာ Yoongiကလာခေါ်ပေးပြီး ကားနဲ့လိုက်ပို့ရင် တကယ် အမှတ်တရဖြစ်မှာ ခုတော့ စက်ဘီးလေးပဲ ကိုယ့်ဘာသာနင်းနေရတယ်**

**Aigoo ကိုယ့်ကလေးလေး ပင်ပန်းတော့မှာပဲ သနားလိုက်တာကွာ**

**Min Yoongi!! လူကိုလှောင်နေတာနဲ့တူနေတယ်နော် စလာပြန်ပြီ**

**ဟားဟား မဟုတ်ပါဘူး တကယ်ပြောတာ... ကဲပါ စိတ်မဆိုးနဲ့.. ပထမနေ့မှာ အလုပ်သေချာလုပ်... Fighting ကလေးလေး**

**ဟုတ်ကဲ့ပါ**

ဆိုင်ရောက်တော့ လက်ထောက်မန်နေဂျာ အကိုကြီးက အသင့်စောင့်နေသည်။

**မင်္ဂလာပါ Jiminshi... သူဌေးကပြောထားပြီးသားပါ.. အရင်ဆုံးမင်းအလုပ်နဲ့ရင်းနှီးအောင် ကျွန်တော်ကကူညီပေးပါ့မယ် **

**အာ ဟုတ်ကဲ့ ကျေးဇူးပါ ရင်းရင်းနှီးနှီး ပြောပါခင်ဗျ **

**ဟုတ်ကဲ့ ဒါဆိုလည်း ဒီဘက်ကိုလာပါ**

တစ်ကယ်ကိုခပ်တည်တည်နှင့် ဆိုင်နောက်ခန်းထဲ
ခေါ်သွားဖို့လုပ်နေတာကြောင့်
Jiminရယ်မိတော့သည်။

ဆိုင်မှာ လုပ်တာ ကြာပြီဖြစ်တဲ့
Hyung က Jimin နှင့်တင်မက
Yoongiနှင့်တောင်ရင်းနှီးသည်။
Jimin က အရင်ကဆို ဒီလာပြီး
ကော်ဖီနဲ့ကိတ်မုန့် အလကားလာစားနေကျလေ။

**အားး Sejin hyung နောက်မနေနဲ့တော့ **

Jimin ရှေ့က အရပ်ရှည်ရှည်နှင့်ခပ်ချောချောအကိုကြီးကပြုံးပြရင်း သူ့ခေါင်းလေးကို
လှမ်းပုတ်သည်။

**Park Jiminလေး လူကြီးဖြစ်လာပြီပေါ့ ... Jiminineက ဆိုင်ကိုလာလုပ်မယ်ဆိုတော့ Hyungတောင်အံ့သြသွားတာ**

One Bite of  Food Blogger Boyfriends [ YM & NJ ] ✅Where stories live. Discover now