[ 5 ]

4.3K 584 32
                                    

#U

**အားလုံးပဲ မင်္ဂလာပါ. ကျွန်တော်ကတော့  Kim Seokjin ပါ**

sseokjinoppawiffy: မင်္ဂလာပါ oppa ... ဒီနေ့လည်း ချောလိုက်တာ😍😍😍

**အာ ဟုတ်ကဲ့  ဒါ‌ပေါ့ ဗျာ ကျွန်တော်  မနေ့တနေ့ကလည်းချောခဲ့ပြီး ဒီနေ့လည်း ထပ်ပြီး ချောနေပါတယ် ဗျာ **


oppaismylife: မှန်တာပေါ့  မှန်တာပေါ့
everytime everywhere တို့ကိုကြီးက အချောဆုံး

**ကျွန်တော်က ဒီနေ့ဘာလို့ live လွှင့်ရလဲ ဆိုတာသိတယ်ဟုတ်**

Food.is.one.oppa.is.two : oppaဆိုင်ရဲ့နောက်လmenuသစ်အကြောင်းပြောဖို့....

**ဟုတ်ပါတယ် ကျွန်တော်တို့ လတိုင်း လုက်နေကျအတိုင်းပဲ တလတခါ ပြောင်းတဲ့ special menu အကြောင်းမိတ်ဆက်ပေးချင်လို့ပါ**

Seokjinတစ်ယောက်
နောက်လအတွက် menuအသစ်အကြောင်း
သေချာပြောပြနေသည့်အခါ
အားလုံးကစိတ်ဝင်တစားနှင့်ရှိကြသည်။
သူ့ဆိုင်ရဲ့ တစ်ဝက်ကျော်ကျော်လောက်ရောင်းအားကလည်း ဒီပုံမှန်ကြည့်ရှုသူတွေကြောင့်ဆိုတာ
ငြင်းလို့မရ.. သူသေသေချာချာလေးပြောပြဖြစ်သည်။

**ဟုတ်ကဲ့ ကျွန်တော်တို့ဆိုင်ကသုံးတဲ့ပါဝင်ပစ္စည်းတွေကိုလည်း.. . **

Seokjinပြောနေလက်စတွင်
အနားက ဆူညံသံတချို့ထွက်လာသည်။
အသံတိတ်သွားတဲ့Seokjin ကြောင့်
Liveကြည့်တဲ့သူတွေပါ အသံသဲ့သဲ့ကိုကြားရသည်။

**Jimin !! ဘာဖြစ်တာလဲ**

Yoongiရဲ့ အသံ
စိုးရိမ်မှုတချို့ကြောင့် ပုံမှန်အသံတိုးတိုးထက်ကျယ်ကာ စကားပြောတာမြန်နေသည်။

yoonminismylife: ဘာလဲ ဘာလဲ ဘာတွေဖြစ်နေတာလဲ

realym: မသိဘူး jiminine ဘာဖြစ်လို့လဲ

Cameraရဲ့တခြားတစ်ဖက်ကို ကြည့်ပြီးပြန်လှည့်လာတဲ့ Seokjin
တက်လာတဲ့commentတွေကိုမြင်နေရသည်။
သူသိသည် သူတို့ရဲ့ပရိသတ်တွေထဲမှာ
Jimin နဲ့Yoongi ကို shipနေကြတဲ့သူတွေအများကြီးရှိတယ်ဆိုတာ.... ။

ရုတ်တရက် live မြင်ကွင်း ကလှုပ်ခါရင်းဝါးသွားပြီး
ပြန်ကြည်သွားသည့်အခါ အားလုံးမြင်နေရသည်က..

One Bite of  Food Blogger Boyfriends [ YM & NJ ] ✅Where stories live. Discover now