[26]

3K 451 46
                                    

[UNICODE]

Yoongiသူ့တိုက်ခန်း မှာရှိတဲ့ Studioမှာပဲ
သီချင်းရေးနေတုန်း တံခါးဖွင့်သံကြားလို့
လှည့်ကြည့်လိုက်တော့
လှစ်ခနဲပေါ်လာတဲ့ မျက်နှာဖောင်းဖောင်းလေး...
နေ့ခင်းတရေးအိပ်တာကနေ နိုးလာပြီထင်ပါရဲ့...

တစ်ကယ် ကလေးလေးနဲ့တူတယ်လို့ပြောရင်
မကြိုက်တဲ့ Park Jiminine ဟာ
ကလေးလေးတွေလို နေ့ခင်းဆို
တရေးအိပ်တတ်တဲ့ ချစ်စရာကလေးအကျင့်လေး
လည်းရှိနေပြန်ပါသေးတယ်။

**ကျွန်တော်လာလို့ Yoongi အလုပ်လုပ်နေတာ အနှောင့်အယှက်ဖြစ်သွားလား **

**ဟင့်အင်း ရပါတယ်**

အနားကိုလာရပ်ကာ
မျက်လုံးနှစ်ဖက်ကို
လက်သီးဆုပ် လေးတွေနဲ့ပွတ်ရင်း
မေးလာတဲ့ကောင်လေး...
ဟိုရှာဒီရှာ လုပ်ပြီးမှ ထိုင်ခုံအပို မတွေ့လို့နဲ့တူပါရဲ့...
Yoongi လည်ပင်းကို ဖက်ရင်း
ပေါင်ပေါ်ရောက်လာတယ်။

မနေ့ကပဲ သူထိုင်နေကျ
ထိုင်ခုံတစ်ခုံပဲချန်ကာ  ပိုနေတာတွေ ပစ်ထုတ်လိုက်တဲ့ Yoongi အပြုံးကြီးကြီးပြုံးလိုက်သည်။
တော်လိုက်တဲ့ငါ.... ။ ʢᵕᴗᵕʡ

Yoongiကတော့
နမော်နမဲ့ နိုင်လွန်းလှတဲ့ ကောင်လေးကို
ပြုတ်ကျမှာစိုးလို့
သေချာနေရာပြန်ချပေးရင်း
ခါးကိုဖက်ထားပေးရတော့တယ်။

သူ့ရင်ခွင်ထဲမှာ ငြိမ်နေတဲ့ ကလေးလေး
ကိုအသာငုံ့ကြည့်ရင်း
Yooongiတစ်ယောက် ချိုမြိန်စွာ ပြုံးမိပြန်သည်။

လူကြီးတွေဆို ချစ်စရာကလေးငယ်လေးတွေဆို
လက်ပေါ်ကမချတမ်း ချီထားတတ်ကြတယ်မလား

ချစ်လွန်းလို့ သူတို့လက်ပေါ်မှာပဲ
ကြီးပြင်းစေချင်သလိုမျိုး...

သူလည်း
ဒီ ရင်ခွင်ထဲက ရတနာထုပ်လေးကို
တစ်သက်လုံး သယ်ပိုးပြီး
သိမ်းထုပ်ထားချင်တော့တာပါပဲ....

Yoongi ရင်ခွင်ထဲမှာ အကျအန နေရာရသွားတဲ့
Jiminကတော့ သူ့ဖုန်းကို ဖွင့်ရင်း
လွန်ခဲ့သည့်တစ်ရက်က Seokjinတို့
ရိုက်ပေးထားတဲ့ စုံတွဲပုံတွေကိုကြည့်ကာ
ဘာတင်ရမလဲ ရွေးနေလေရဲ့... ။

သူ့စိတ်ကြိုက်သုံးလေးပုံရပြီးနောက်မှာတော့

#date with my boyfriend
#you all know that my boyfriend is so handsome
#u know?
#i khow

One Bite of  Food Blogger Boyfriends [ YM & NJ ] ✅Where stories live. Discover now