[29]

2.8K 421 34
                                    

[Unicode]

Seokjin Hyungရဲ့ ဖုန်းcallနှင့်အတူ
Jimin ဆေးရုံရောက်နေလို့
အမြန်လာတွေ့ပါဟူသော သတင်းကြောင့်
Yoongi ဆေးရုံကြီးဆီသို့
အပြေးအလွှား ရောက်သွားခဲ့ချိန် က
ညနက်ဆယ်နာရီ.... ။

Seokjin hyung လမ်းညွှန် ရာအတိုင်း
အမောတကော ပြေးသွားမိတော့
အခန်းရှေ့မှာထွက်စောင့်နေတဲ့
Seokjin ကိုတွေ့ရသည်။

**Hyung, Jiminine ??**

**အခန်းထဲမှာ အိပ်နေတယ် သွားကြည့်လေ **

သူပြောပြီးပြီးချင်းပဲ
အခန်းထဲကို ဝင်သွားတဲ့ Yoongi ကိုကြည့်နေရင်း
Seokjin လိုက်မသွားတော့ဘဲ ..
အပြင်ကခုံတန်းလေးမှာပဲ
ထိုင်နေခဲ့လိုက်တော့သည်။

မောလိုက်တာ
ငါလည်း နားဦးမှ...
ဒီရက်ပိုင်း Jimin အနားမှာ နေပေးရတာ
အတော်ပင်ပန်းပါသည်။

Yoongiက တခုခုဖြစ်နေလို့ဖြစ်ရမယ်
နေမကောင်းဘူးလားမသိဘူး ဆိုကာ
စိတ်ပူဟန်ဖြင့် တစ်နေ့လုံးငိုင်နေရင်
Seokjin မှာ ချော့မော့ပြီး
ဘာမှမဖြစ်လောက်ပါဘူး ပြောကာ
နှစ်သိမ့်ပေးရလိုက်...

Min Yoongiဆိုတဲ့ လူဆိုးကြီးက
သူ့ကိုတာဝန်မယူဘဲ ပစ်သွားပါပြီဆိုက
ဒေါသထွက်ပြီး တစ်နေ့လုံးထိုင်ဆဲနေရင်တော့လည်း
သူ့မှာ ဝိုင်းပြီး မကောင်းပြောရင်း ကူဆဲပေးရလိုက်...

အကျင့်မကောင်းတဲ့Yoongi hyung တွေဘာတွေ
မလိုအပ်ဘူး
တောင်ပေါ်သွားပြီး ဘုန်းတော်ကြီးပဲ
လုပ်တော့မှာ ဆိုကာ အထုပ်တပြင်ပြင် လုပ်နေလို့
တတ်သမျှ ဟင်းချက်နည်းအကုန်သုံးကာ
ပျော်အောင်လုပ်ပေးနေရလိုက်နှင့် ..

ရည်းစားရကာစ
အထက်တန်းကျောင်းသူလေးလိုပဲ
ပျော်လိုက်မပျော်လိုက်နဲ့ အရူးကောင်လေး
Park Jiminက တစ်နေ့တမျိုးမရိုးရအောင်
သောင်းကျန်း နေတာကို သူ့မှာ လိုက်ထိန်းနေရပါသည်။

မနက်လည်း အစောကြီးပဲထကာ
မိုးရွာနေတဲ့ ကြားကပင်
နှုတ်ဆက်စာရေးထားခဲ့ပြီး
ဘုန်းကြီးကျောင်းထွက်သွားလို့
သူ့မှာ အမောတကော လိုက်ခေါ်ရသည်လေ။

လုပ်ချင်တာလျှောက်လုပ်နေတဲ့ကောင်လေး
ခုတော့ ဖျားပြီလေ... ။

One Bite of  Food Blogger Boyfriends [ YM & NJ ] ✅Where stories live. Discover now